ကြားနေကျ သူ့အသံလေးကို
နားစွင့်မနေတတ်အောင် ကြိုးစားခဲ့ပေမယ့်
ကြားခဲ့ဘူးတဲ့ သူ့အသံတွေကိုတော့
နားထဲက ထုတ်ပစ်လို့ မရခဲ့ပါဘူး . . .
မြင်နေကျ သူ့မျက်ဝန်းလေးတွေကို
လိုက်လံမရှာဖွေတတ်အောင် ကြိုးစားခဲ့ပေမယ့်
မြင်ခဲ့ဘူးတဲ့ မျက်ဝန်းတစ်စုံကိုတော့
အာရုံထဲက ဖျောက်ဖျက်လို့ မရနိုင်ခဲ့ပါဘူး . . .
မကျက်သေးတဲ့ ဒဏ်ရာဟောင်းတွေကို
ကြိုးစားပြီးကုသနေခဲ့ပေမယ့်
တိုက်ဆိုင်မှု့တွေ ကြုံလာတိုင်း
နာကျင်ခဲ့ဘူးတဲ့ နှလုံးသားတစ်ခုမှာ
ဒဏ်ရာသစ်တွေ တိုးလာပြန်တယ် . . .
ရင်ထဲက ဝေဒနာတွေကို လျော့ပါးအောင်
ဒီကဗျာကို ရေးခဲ့ပေမယ့်
ဒီကဗျာတစ်ပုဒ်ရဲ့အဆုံးသတ်မှာ
ငါ့နှလုံးသား တစ်ခါ ကွဲအက်ခဲ့ပြန်တယ် . . .
About Me
- ရင်မောင်
- ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။
မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ
Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။
Sunday, September 23, 2007
လွဲမှားသော ကုသမှု့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment