သို့
အချစ်လေးရေ
ကိုယ်ဒီလ အသုံးများသွားလို့ ပိုက်ဆံမပို့နိုင်တော့ဘူးကွာ...
ဒါပေမယ့် မင်းအတွက် ကိုယ် အနမ်းပေါင်း(၁၀၀)ပို့လိုက်တယ်နော်။
ကြည့်ပြီးတော့သာ သုံးပေတော့...အချစ်လေး
မင်းရဲ့
ကိုကို
~ ~ ~ ~ ~ ~
နောက်ရက်အနည်းငယ် အကြာမှာတော့ သူ့မိန်းမဆီက စာပြန်လာပါတယ်
~ ~ ~ ~ ~ ~
သို့
ယောက်ကျားရေ
ကိုကို့ရဲ့ အနမ်းပေါင်း(၁၀၀)အတွက် ကျေးဇူးတင်ပါတယ်။ လောက်လဲလောက်ငှပါတယ်။
ဒီလ အသုံးစရိတ်ကို ပြောပြမယ်နော်။
၁။ နွားနို့ပို့သမားကို တစ်လစာ နွားနို့အတွက် အနမ်း(၂)ပွင့်
၂။ လျှပ်စစ်ဌာနကလူကို တစ်လစာ အနမ်း(၇)ပွင့်
၃။ အိမ်ပိုင်ရှင်ကတော့ အိမ်ငှားခမယူဘဲ တစ်နေ့ကို အနမ်း(၂)ပွင့်၊ (၃)ပွင့် လာယူတယ်။
၎။ Super Market ကတော့ အနမ်းနဲ့တင်မရလို့ တစ်ခြားဟာပါ ထပ်ပေးလိုက်ရတယ်။
၅။ တစ်ခြားအထွေထွေက အနမ်းပွင့်(၄၀)
သူတို့အားလုံးက သဘောကောင်းကြပါတယ်။ အနမ်းတွေကို လိုလိုလားလားနဲ့ယူသွားပါတယ်။
ဒါပေမယ့် မပူပါနဲ့နော်...။ ချစ်မှာ အနမ်း(၃၅)ပွင့် ကျန်သေးတယ်။
ဒီလတော့ သုံးဖို့ ကောင်းကောင်းလောက်ပါတယ်။
နောက်လလည်း ဒါမျိုးလုပ်ရမှာပဲလားဟင်...။
ကိုကို့ရဲ့
ချစ်လေး
About Me
- ရင်မောင်
- ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။
မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ

Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။
Saturday, July 10, 2010
ပေးစာတစ်စောင်
Posted by ရင်မောင် at 1:15 PM 0 comments Labels: ဟာသ
Monday, March 1, 2010
မလိုတော့ဘူး
အမျိုးသားနှင့် အမျိုးသမီးတို့ အသိမိတ်ဆွေ ဖြစ်ပြီး
ညတစ်ညလုံး အတူတူအချိန်ဖြုန်းလိုက်ကြသည်။
နောက်တစ်နေ့မနက်တွင် အမျိုးသမီးက မေးသည် -
“ရှင့်မှာ AIDS ရောဂါကင်းရှင်းကြောင်း ဆေးလက်မှတ်ရှိလား။"
“ရှိတယ် ဘာဖြစ်လို့မေးတာလဲ။"
“သြော်….လွှင့်ပစ်ချင်ရင် လွှင့်ပစ်လို့ရတယ်လို့ ပြောမလို့ပါ။"
**မမယ်မ ပေးပို့သော forwarded mail မှဖြစ်ပါသည်
Posted by ရင်မောင် at 4:53 PM 0 comments Labels: ဟာသ
ကိုက်မထားနဲ့လေ
သွားကုခန်းတွင်ဖြစ်သည် -
အမေဖြစ်သူက ၎င်း၏သားငယ်ကိုပြောသည်
“သားက လိမ္မာပါတယ်နော်၊ ပါးစပ်ကို ဟလိုက်ပါကွယ်။
အန်ကယ်ဒေါက်တာကို သူ့လက်ညှိုးဆွဲထုတ်ခွင့် ပြုလိုက်နော်..သား။"
**မမယ်မ ပေးပို့သော forwarded mail မှဖြစ်ပါသည်
Posted by ရင်မောင် at 4:48 PM 0 comments Labels: ဟာသ
ၿမိဳမက်ဘူး
စစ်ဆေးရေးအဖွဲ့ ဆေးရုံသို့ရောက်ရှိလာပြီး လူနာတစ်ယောက်ကိုမေးသည်။
“ဘာရောဂါနဲ့တက်ရောက်ကုသနေတာလဲ ခင်ဗျာ။"
“လိပ်ခေါင်းရောဂါပါ။"
“အခု မိတ်ဆွေကို ဘယ်လို ကုသနေပါသလဲ။"
“စအိုထဲကို ပိုက်သွင်းပြီး ဆေးတွေ လောင်းချပါတယ်။"
“မကျေနပ်တာ ရှိလား။"
“မရှိပါဘူး၊ အားလုံးကောင်းပါတယ်။"
ဘေးကုတင်က လူနာကို စစ်ဆေးရေးအဖွဲ့ဝင်တစ်ဦးက မေးပြန်သည်။
“မိတ်ဆွေကရော ဘာရောဂါနဲ့ ဆေးရုံတက် ကုသနေတာလဲ။"
“လည်ချောင်းနာတဲ့ရောဂါပါ။"
“အခု မိတ်ဆွေကို ဘယ်လိုကုသနေပါသလဲ။"
“အာခေါင်ထဲကို ပိုက်သွင်းပြီး ဆေးတွေလောင်းချပါတယ်။"
“မကျေနပ်တာ ရှိလား။"
“တစ်ခုပဲ မေတ္တာရပ်ခံချင်ပါတယ်။ ပိုက်သွင်းကုတဲ့ဥစ္စာ ကျွန်တော့်ဆီက
အရင်စစေချင်ပါတယ်။"
**မမယ်မ ပေးပို့သော forwarded mail မှဖြစ်ပါသည်
Posted by ရင်မောင် at 4:44 PM 0 comments Labels: ဟာသ
မှန်သလားလို့ပါ
သားငယ်သည် အမေဖြစ်သူအား ရှေ့ကကြည့်လိုက်၊ နောက်ကကြည့်လိုက်
ဘေးတိုက်ကြည့်လိုက်နှင့် အပြန်ပြန် အလှန်လှန် ကြည့်သည်။ ကြာသော်
အမေဖြစ်သူက စိတ်မရှည်တော့သည်နှင့် ဒေါသသံဖြင့် ပြောသည် -
“ဟဲ့ ကောင်လေး ဘာဖြစ်လို့ ငါ့ကို ဒီလောက်ကြည့်နေတာလဲ။"
“ဖေဖေ ပြောတာ မှန်/မမှန် သိချင်လို့ပါ...မေမေ။ ဖေဖေက အိမ်က အစေခံ
မကျော့ကိုပြောတယ်၊'ငါတို့နှစ်ယောက် နေတာထိုင်တာ သတိထားရမယ်၊
ငါ့မိန်းမရဲ့ နောက်စေ့မှာလည်း မျက်စိပါတယ်' တဲ့"။
**မမယ်မ ပေးပို့သော forwarded mail မှဖြစ်ပါသည်
Posted by ရင်မောင် at 4:25 PM 0 comments Labels: ဟာသ
ပဟေဠိတိတ်တိတ်ပုန်း
ပင်လယ်ကမ်းစပ်ရွာတစ်ရွာက အိမ်ရှင်ယောက်ျားတွေဟာ ပင်လယ်ထဲ မကြာခဏ
သွားပြီး ငါးသွားရှာကြတယ်။ အိမ်ရှင်ယောက်ျားမရှိတဲ့အချိန် မိန်းမတွေက
ဖောက်ပြန်ကြတယ်။ ဖောက်ပြန်ပြီးတိုင်းလည်း ဖာသာဆီသွားပြီး အမှားဝန်ခံ
ကြတယ်။ ကြာလာတော့ ဖာသာက မိန်းမတွေကို “နောက်တစ်ခါ လာဝန်ခံကြရင်
ခိုးစားတယ်လို့မပြောဘဲ “ချော်လဲတယ်”လို့ ပြောပါ။ ချော်လဲလာတယ်လို့ပြောရင်
ငါသိပြီ” လို့ မှာလိုက်တယ်။
နောက်တော့ ဖာသာအသက်ကြီးပြီး နောက်ဖာသာအသစ်တစ်ယောက်ပြောင်းတယ်။
သူမပြောင်းခင် ရွာသူကြီးကို “ချော်လဲတယ်”ဆိုတဲ့ အဓိပ္ပါယ်ကိုပြောပြပြီး
နောက်ဖာသာကိုရှင်းပြဖို့ မှာခဲ့တယ်။ ဖာသာအသစ်ရောက်လာတော့ သူကြီးက
အဲဒီစကားရဲ့အဓိပ္ပါယ်ကို ပြောပြဖို့မေ့သွားခဲ့တယ်။
ရွာထဲက မိန်းမတွေက အရင်အတိုင်းပဲ ခိုးစားပြီးတိုင်း ဖာသာအသစ်ဆီသွားပြီး
ဝန်ခံကြတယ်။ ချော်လဲတဲ့လူတွေ များနေတာကြောင့် ဖာသာက သူကြီးဆီသွားပြီး
မိန်းမတွေ မကြာခဏချော်လဲနေတာကြောင့် ရွာထဲကလမ်းတွေ ပြုပြင်သင့်ကြောင်း
ပြောပြတယ်။ ဖာသာစကားကိုကြားတော့ သူကြီးက ထရယ်တယ်။
အားရပါးရ ရယ်နေတဲ့သူကြီးကိုကြည့်ပြီး ဖာသာနားမလည်စွာနဲ့ ထအော်တယ် -
“သူကြီး… ခင်ဗျား ဘာရယ်နေတာလဲ! ဒီတစ်ပတ်အတွင်း ခင်ဗျားမိန်းမ
ချော်လဲတာ ၃ ခါရှိပြီဗျ”
**မမယ်မ ပေးပို့သော forwarded mail မှဖြစ်ပါသည်
Posted by ရင်မောင် at 4:22 PM 0 comments Labels: ဟာသ
တော်သေးတာပေါ့
လင်မယားနှစ်ယောက်တွင် သားလေးယောက်ရှိသည်။ ထူးဆန်းသည်မှာ
အကြီးသုံးယောက်မှာ ဆံပင်နီနီ၊ အသားလတ်လတ်၊ အရပ်မြင့်မြင့်ဖြစ်သည်။
အငယ်ဆုံးမှာ ဆံပင်နက်နက်နှင့် အရပ်ပုပုဖြစ်သည်။ ဖခင်ဖြစ်သူသည်
နောက်ဆုံးတွင် မကျန်းမမာဖြစ်ပြီး သေလုဆဲဆဲတွင် ဇနီးဖြစ်သူကို သေချာမေးလိုက်သည်။
- အချစ်ရယ်..ကိုယ်မသေခင် ကိုယ့်ကို ရိုးရိုးသားသား ပြောစမ်းပါ။ အငယ်ဆုံး
သားလေးက ကိုယ့်ရဲ့ကလေးဆိုတာ ဟုတ်ရော ဟုတ်ရဲ့လားဟင်...။
- ဘုရားအဆူဆူကို ကျိန်ပြီး ပြောရဲပါတယ်။ ရှင့်သားမှ ရှင့်သား အစစ်ပါ။
ဟု ဇနီးဖြစ်သူက ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားပြီးသည်နှင့် ခင်ပွန်းဖြစ်သူသည် ပြုံးလျှက် ကွယ်လွန်သွားသည်။
ထိုအခါမှ ဇနီးဖြစ်သူက ရေရွတ်ပြောဆိုလိုက်သည် -
- တော်သေးတာပေါ့ … အကြီးသုံးယောက်ကို မေးမသွားလို့……
**မမယ်မ ပေးပို့သော forwarded mail မှဖြစ်ပါသည်
Posted by ရင်မောင် at 4:18 PM 0 comments Labels: ဟာသ
အချစ်နဲ့ ပက်သက်လာရင် ကိုယ်ရဲ့ခွန်အားတွေဆိုတာဟာ
(A)ရာဝတီတိုင်းမှာ မွှေနှောက်တိုက်ခတ်သွားတဲ့ နာဂစ်ဆိုင်ကလုန်း
လေမုန်တိုင်းလို ကြီးမားပါရဲ့ မေရယ်…..။ မေ့ရဲ့ ပတ်ဝန်းကျင်မှာ
(B)လူး၊ဂုမ္ဘာန် ၀န်းရံစောင့်ကြပ်နေအုံးတော့၊ ကိုယ် ဘာလို့ မှုနေရမှာလဲ ..
ဟင်း..ဟင်း ..၀ီစကီထဲ
(C)ပလပ် ရောစပ်ပြီး ဆတ်ခနဲမော့ချလိုက်ရင်း ရန်စွယ်တွေမှန်သမျှ၊
အန္တရာဃ်တွေဟူသမျှကို
ဟော(D)ကောင်ဖြေရှင်းသုတ်သင်ပြပါမယ်...မေ။
တကယ်တော့ ကိုယ်ဟာ မေနဲ့ပက်သက်လာခဲ့ရင် အင်မတန်မှ စွဲလမ်းစိတ်ကြီးမားတဲ့သူပါမေရယ်၊
ဘယ်လောက်တောင်မေ့အပေါ် စွဲလမ်းသလဲဆိုတော့ မေအမှတ်မထင် လွှတ်ထုတ်လိုက်တဲ့
(E)သံကလေးကိုတောင် အာရုံထဲမှာ စွဲငြိနေပါသေးတယ်၊ ဘာပဲဖြစ်ဖြစ်ကိုယ့်အဖို့တော့
ကြင်နာသူက လမ်းခွဲသွားရင် ကိုယ့်အသည်းတစ်ခုလုံး
(F)ကွဲကြေမွသွားမှာ သေချာပါတယ်မေ...။ မေရယ် ကိုယ်မေတ္တာကို တုံ့ပြန်ပေးပါ။
ကိုယ့်ကို ချစ်ခွင့်ပေးပါ၊ ကိုယ်မြတ်နိုးတဲ့ ပန်းကလေးရဲ့ရနံ့ကို
ပိုင်ပိုင်နိုင်နိုင် ရှိုက်နမ်းမွှေးကြူခွင့်ပြုပါ။ သည်လိုတောင်းဆိုလိုက်တာတွေနဲ့ ပက်သက်လို့
ကိုယ်ဟာ အင်မတန်မှ
(G)ကျတဲ့သူရယ်လို့လည်းထင်မှတ်မသွားပါနဲ့အုံး။ ကိုယ်တောင်းခံထားတဲ့အချစ်နဲ့ ပက်သက်ပြီး
(H)ချင်ယောင်လည်း ဆောင်မနေပါနဲ့တော့၊ ကိုယ်ဟာ တစ်သည်းမှာတစ်သက်၊
တစ်သက်မှာတစ်သည်း၊ မျက်နှာလည်း မများတက်သလို
(I)တွေ့တိုင်းလည်း ခြေဆေးတက်သူမဟုတ်ဘူးဆိုတာ ယုံထားလိုက်စမ်းပါ၊ ကိုယ်အခု
(J)ရုဆလင်နိုင်ငံနဲ့ပက်သက်တဲ့ သတင်းတစ်ပုဒ် ဖတ်နေတယ်မေ..၊ ပြည်တွင်းစစ်မှာ
အချင်းချင်း တိုက်ကြခိုက်ကြနဲ့ အငြိုးအတေးကလည်း ကြီးပါ့၊ နဖူးကအမာရွတ်မြင်လေတိုင်း
မင်းမဟော်ကို အခဲမကျေဖြစ်နေတဲ့
(K)၀ဋ် ပုဏ္ဍားတောင် လက်မြှောက်အရှုံးပေးလောက်ပါရဲ့၊ မေနဲ့ကိုယ်တို့ကြားမှာတော့
လက်ကလေးတွေ တွက်ချိုးရေဖို့ရာ အမျက်ကလေးတွေ သက်ဆိုးမရှည်ခဲ့ပါဘူးနော်၊
ကိုယ်သူငယ်ချင်းတွေက ကိုယ့်ကိုမေးကြတယ်၊ ကိုယ်ဟာမေ့ရဲ့
(L)စတုံအိုးကြီးကို သဘောကြလို့ ချစ်သွားတာလားတဲ့၊ ရယ်ပဲရယ်စရာ ကောင်းသေးတော့၊
ကိုယ်က မေ့ရင်ထဲက ဖြူစင်တဲ့နှလုံးသားလေးကိုသာ ချစ်တဲ့အကြောင်းဖွင့်
(M)ပြောပြလိုက်မှ ငြိမ်သွားကြတယ်၊ ဒါတောင်မှ အထွန့်တက်လာကြသေးတယ်။
(N)ဏ္ဏဝါလှိုင်းရေပြင်ထက်မှာတော့ ငှက်မောင်နှံက တူယှဉ်တွဲ ပျံသန်းလို့ပေါ့။ ကိုယ်ဟာ မေ့အပေါ်
(O)မင်းရင့်ရော်တဲ့အထိ မပြယ်သောမေတ္တာများနဲ့ ချစ်သွားမယ့်သူပါ၊ သည်လိုမျိုး မေ့အပေါ်ထားတဲ့သစ္စာ
မ(P)ပြင်ခဲ့ဘူးဆိုရင် အဏ္ဏဝါမြစ်ရေအလျဉ်ကို အန်တုတားဆီးနေတဲ့
(Q)ပင်တွေကို နှုတ်ပြီး ကိုယ့်ရင်ဝကို ဆောင့်ထိုးလိုက်ပါတော့။
ကိုယ်ဟာ ဖြီးဖြန်းအပိုကဲလို့ မညာတတ်သလို ကျီးကန်းလိုလည်း
မ(R)တတ်ပါဘူး၊ ကိုယ်အချစ်က ငရဲမီး
(S)ဆစ် အစားခံရတဲ့ ဇဗ္ဗူရာဇ်ရွှေစင်နှလုံးသားပါ မေရယ်၊ စကားတွေကို
(T)တီတာတာ မဖွဲ့နွဲ့တတ်ပါဘူး၊ မေတ္တာတွေပေးခဲ့ပြီင်္းသူမို့ မေတ္တာကိုတော့ ပြန်
(U)ချင်ပါတယ်မေ...။ ကိုယ်အခု ချောင်းသာကမ်းခြေကို အလကားခေါ်မယ့်သူရှိလို့
ရောက်နေတယ်..။ သည်စာကို
ပင်လယ်က(V)ပင်အောက်မှာ ထိုင်ရေးနေတာ။ သည်အချိန်မှာပဲ
ဘယ်ကကန်ထည့် လိုက်မှန်းမသိတဲ့
(W)ဘောလုံးတစ်လုံးက ကျောကုန်းကိုလာမှန်တယ်၊ အမယ်လေးလေး၊ အောင့်လိုက်တာ၊
နာလိုက်တာ၊ အဆုတ်တွေ ဘာဖြစ်သွားလဲမသိဘူး၊ ရန်ကုန်ပြန်ရောက်တော့မှပဲ
(X)ရေး ဓါတ်မှန်ရိုက်ကြည့်ရတော့မှာပဲ။ စာလည်းရှည်သွားခဲ့ပြီ ……. မေ။
သည်းခံပြီး ဖတ်တာ ကျေးဇူးကမ္ဘာပါ။
အဲ ……. တစ်ခုတော့ ရှိတယ်။
ကိုယ်အပေါ် မေ့ဆီက မေတ္တာတုံ့ပြန်မလာဘူး ဆိုရင်တော့ ကိုယ်ဟာ
အင်ဂျင်(Y)နဲ့ ပိုးသတ်ဆေး သောက်ရင်း
(Z)ကျိုးလို့ နိဂုံးချူပ်သွားပါလိမ့်မယ်မေ...
**မမယ်မ ပေးပို့သော forwarded mail မှဖြစ်ပါသည်
Posted by ရင်မောင် at 3:58 PM 0 comments Labels: ဟာသ
ချစ်သောဇနီး
လူတစ်ယောက်ဟာ ဟိုတယ်တစ်ခုမှာ အခန်းယူပြီး သူ့အခန်းထဲကိုဝင်တော့
အခန်းထဲမှာ ကွန်ပျူတာတစ်လုံးတွေ့တာနဲ့ သူအတော်ဝမ်းသာသွားတယ်။
ဒီတော့ သူ့မိန်းမဆီကို လှမ်းပြီးသတင်းပို့မှပဲဆိုပြီး အီးမေးလ်တစ်စောင်ပို့လိုက်တယ်။
ဒါပေမယ့် သူ အီးမေးလ်လိပ်စာ မှားရေးလိုက်တာကို သူကိုယ်တိုင်တောင်မသိလိုက်ဘူး။
အဲဒီအီးမေးကို ပို့လိုက်မိပြီလေ။
အဲဒီအချိန် ……
ရန်ကုန်မြို့ရဲ့တစ်နေရာမှာ မုဆိုးမတစ်ယောက်ဟာ သူ့ယောက်ျားရဲ့အသုဘ ပို့ရာကနေ
ပြန်ရောက်လာပြီး သူ့ကွန်ပျူတာမှာ အီးမေးလ်စစ်ဖို့ ပြင်ဆင်နေတယ်။ နိုင်ငံရပ်ခြား
ရောက်နေကြတဲ့ ဆွေမျိုးမိတ်ဆွေ သူငယ်ချင်းတွေရဲ့ အားပေးစကားလေးတွေ
ကြားရမလားလို့ အီးမေးလ်ကို စစ်လိုက်တယ်။ ခဏအကြာမှာ အောင်မလေး လို့
အော်တဲ့အသံကြားရလို့ သူ့သားက အပြေးလေးဝင်လာတော့ အမေလုပ်တဲ့လူက
ကြမ်းပြင်မှာ ပက်လက်လန်ပြီး မေ့နေပြီ။
ဒါနဲ့ ကွန်ပျူတာကို ကြည့်လိုက်တော့ မော်နီတာ စကရင်မှာ ပေါ်နေတာက -
သို့ … ချစ်ဇနီး
အကြောင်းအရာ ။ ။ ကိုယ်ရောက်ပါပြီ
နေ့စွဲ ။ ။ ၂၁ ရက် အောက်တိုဘာလ ၂၀၀၇
မင်း ကိုယ့်ဆီက သတင်းကြားရရင် အတော်အံ့သြသွားမယ်ဆိုတာ ကိုယ်သိနေတယ်။
သူတို့ဆီမှာလည်း ကွန်ပျူတာရှိတယ်ကွ။ ကိုယ်ချစ်တဲ့သူတွေဆီကို အီးမေးလ်ပို့ဖို့
ခွင့်ပြုထားတယ်လေ။ အခုပဲရောက်တယ်။ နေစရာလည်း အဆင်ပြေပါတယ်။
မင်း မနက်ဖြန်လာရင်အဆင်ပြေအောင် ကိုယ်အားလုံးစီစဉ်ပြီးပါပြီ။ ကိုယ်ကိုယ်တိုင်
မင်းကိုလာကြိုပါ့မယ်။ မနက်ဖြန် တွေ့ကြတာပေါ့။
မင်းကိုချစ်တဲ့
မောင်….
**မမယ်မ ပေးပို့သော forwarded mail မှဖြစ်ပါသည်
Posted by ရင်မောင် at 3:48 PM 0 comments Labels: ဟာသ
Saturday, February 6, 2010
ဖတ်ဘူးသော Gtalk Custom Message များကို မြန်မာ့သွေးမှ ကူးယူဖေါ်ပြပါသည်။ တွေးကြည့်လေ ရယ်ရလေမို့ စိတ်အာဟာရ အင်မတန်ဖြစ်စေပါသည်။
ကိုလှရွှေ နေမကောင်းဖြစ်လို့
မသိန်းကြည် ငါးသွားရောင်းတာ...
တာမွေမှာ ရေကြီးလို့တဲ့..
အဲဒါနဲ့ အမေရိကန်နဲ့ ကိုရီးယား စာချုပ်ချုပ်လိုက်တာ
ဒွေးသေသွားတယ်...
နင့်ကို လွမ်းလိုက်တာဟာ..
ခင်ရုံပါဆိုရင် ရင်ခုန်စရာ ဘာလို့တွေးတာလဲ..?
ရိုးရိုးသိတာပါဆိုရင်လည်း ခိုးခိုးကြည့်စရာမလိုပါဘူး...
ဖုံးဖိနေပေမယ့် အပြုံးအကြည့်တွေက သိသာတယ်နော်...
အခင်မပိုသေးရင်လည်း အရင်လိုလေးပဲ ဆက်ဆံပေါ့..
အချစ်ဆိုတာ...
ဓားသွားပေါ်က ပျားရည်စက်တဲ့...
တောက်... ဘယ်သူကများ ပျားရည်တွေကုန်အောင် လျက်သွားပါလိမ့် ...?
ငါ့အလှည့်ကျ ဓားသွားချည်း ကျန်တော့တယ်...
ချာတိတ်မတွေကို…
ညာရှိတ်ရဦးမယ်
မုန်းတယ် မုန်းတယ်
မိန်းမတွေကို မုန်းတယ်း)
ပြောသာပြောရတယ်
အမေ့ကို မတိုင်ရဘူးနော်။
တစ်ခါတလေ လောကကြီးကို
ဖားတစ်ကောင်နဲ့ ခရုတစ်ကောင် လက်ဆောင်ပေးလိုက်ချင်တယ်။
တစ်ခါ Hi ၁၀၀ ကျပ်။
နာမည်မေးလျှင် ၂၀၀ ကျပ်။
လိပ်စာပါသိချင်လျှင် ၅၀၀ ကျပ်။
အသည်းကွဲ၍လာတိုင်ပင်လျှင် ၁၀၀၀ ကျပ်။
ဟိုမေးဒီမေး ၅၀၀၀ ကျပ်။
စစနောက်ပြောင် ၁၀၀၀၀ ကျပ်။
ရည်းစားစကားပြောလျှင် FREE.. :P
ရူပါမလန်းလို့
မတူတာမှန်းတယ်လို့ မထင်ပါနဲ့
မူယာမကျွမ်း Qတာ မစွမ်းပေမယ့်
မင်းအတွက်ဆို
Superman လေးလို
စွမ်းဆောင်ပေးမှာပါ
Posted by ရင်မောင် at 1:52 PM 0 comments Labels: ဟာသ
Thursday, March 20, 2008
Criminal Story
Five friends lived in a room, namely
Mad, Brain, Fool, Somebody and Nobody.
Oneday, Somebody killed Nobody.
At that time Brain was taking a bath in the bathroom.
Mad called police.
Mad ...... Is it police station ?
Police ... Yeah, What's the matter ?
Mad ...... Somebody killed Nobody.
Police ... Are you mad ?
Mad ...... Yes, I'm Mad.
Police ... Don't you have brain ?
Mad ...... Brain is in the bathroom.
Police ... You're fool.
Mad ...... No, Fool is reading this message.
မမယ္မ
Posted by ရင်မောင် at 8:29 AM 0 comments Labels: ဟာသ
Monday, March 3, 2008
အသက္ရွည္တယ္ဆိုတာ
အသက် ၁၀၄ နှစ်ရှိပြီဖြစ်သော အဘွားအိုတစ်ဦးအား
သတင်းထောက်တစ်ဦးက အင်တာဗျူး လုပ်လေသည်။
သတင်းထောက် ...... အသက်ရှည်အောင် ဘယ်လိုကျင့်ကြံပါသလဲ အဘွား။
အဘွားအို .............. အစားအသောက်နဲ့ ဆိုင်ပါတယ်။
သတင်းထောက် ...... အစားအသောက် ပုံမှန် စားတာလား။
အဘွားအို .............. နံနက်စာ ပုံမှန် စားဖြစ်ပါတယ်။
သတင်းထောက် ...... ညစာ ဘာစားပါသလဲ သိပါရစေ။
အဘွားအို .............. ဘာမှ မစားပါဘူး ငါ့တူရယ်။
သတင်းထောက် ...... ဘာဖြစ်လို့ မစားတာလဲ၊
........................... ကျန်းမာရေး ကောင်းအောင်လို့လား အဘွား။
အဘွားအို .............. မဟုတ်ပါဘူး၊ ကျွေးမယ့်သူ မရှိလို့ပါ။
Posted by ရင်မောင် at 3:04 AM 1 comments Labels: ဟာသ
ဈေးကြီးတဲ့ ကြက်တူရွေး
အိမ်မွေး တိရစ္ဆာန်များရောင်းချသော ဆိုင်တစ်ဆိုင်အတွင်းသို့
ဝယ်သူတစ်ဦး ရောက်ရှိလာသည်။
ဝယ်သူ ...... ကြက်တူရွေးတစ်ကောင်လောက် လိုချင်တယ်။
ဆိုင်ရှင် ..... ရပါတယ်၊ ဒီကြက်တူရွေးက ဒေါ်လာ ၅၀၀၊
............... ကွန်ပျူတာ ကောင်းကောင်း အသုံးပြုတတ်တယ်။
ဝယ်သူ ...... တယ်ဟုတ်ပါလား။
ဆိုင်ရှင် ..... ဒီကြက်တူရွေးက ရုပ်မြင်သံကြား ဖွင့်တတ်၊ ပိတ်တတ်ပြီး
............... သီချင်းလည်း ဆိုနိုင်တယ်။ ဒေါ်လာ ၁၀၀၀ ပါ။
ဝယ်သူ ...... မဆိုးပါဘူး။
ဆိုင်ရှင် ..... ဒီကြက်တူရွေးကတော့ ဒေါ်လာ ၃၀၀၀ ပါ။
ဝယ်သူ ...... ဈေးကြီးလိုက်တာ၊ သူကရော ဘာတွေ လုပ်တတ်သလဲ။
ဆိုင်ရှင် ..... ဘာမှတော့ မတတ်ဘူး။
ဝယ်သူ ...... ဟင် .. ဒါဆို ဘာဖြစ်လို့ ဈေးကြီးနေတာလဲ။
ဆိုင်ရှင် ..... မနက်တိုင်း ဟိုကြက်တူရွေးနှစ်ကောင်က
............... သူ့ကို "ဆရာကြီး" လို့ ခေါ်နေလို့ပါ။
Posted by ရင်မောင် at 2:55 AM 0 comments Labels: ဟာသ
Saturday, March 1, 2008
ခြားနားချက်
(၁) ချစ်သူဘ၀ ----------- အလကားနေရင်း အကြည့်ချင်းဆုံ၏။
အိမ်ထောင်သည်ဘ၀ ---- အကြည့်ချင်းဆုံလျှင်လည်း အလကားဖြစ်၏။
(၂) ချစ်သူဘ၀ ----------- အလကားနေရင်း ချစ်သူကို တမ်းတ၏။
အိမ်ထောင်သည်ဘ၀ ---- ချစ်သူကို တမ်းတသော်လည်း အလကားဖြစ်၏။
(၃) ချစ်သူဘ၀ ----------- ကလေးဘယ်နှစ်ယောက်ယူလိုက်မည်ဟု စိတ်ကူး၏။
အိမ်ထောင်သည်ဘ၀ ---- စိတ်ကူးသည့်အတိုင်း ကလေးမယူဖြစ်ခဲ့ရင်
-------------------------- အကောင်းသားဟု တွေး၏။
(၄) ချစ်သူဘ၀ ----------- ကိုယ်ပိုင်ဆိုင်သမျှ သူ့အား ပေးလို၏။
အိမ်ထောင်သည်ဘ၀ ---- ပိုင်ဆိုင်သမျှ ဘဏ်တွင် တိတ်တိတ်လေး ထားလို၏။
(၅) ချစ်သူဘ၀ ----------- မွှန်နေသော်လည်း ကိစ္စမရှိဟု ဆို၏။
အိမ်ထောင်သည်ဘ၀ ---- ကိစ္စရှိမှ မွှန်၏။
(၆) ချစ်သူဘ၀ ----------- ဖုန်းပြောပါက တိုးတိုးလေးပြော၏။
အိမ်ထောင်သည်ဘ၀ ---- ဖုန်းထဲမှ အော်လိုက်ရသည်ကိုပင် အားမရ။
(၇) ချစ်သူဘ၀ ----------- ချစ်သူ့အကြောင်း ကဗျာရေးဖွဲ့၏။
အိမ်ထောင်သည်ဘ၀ ---- ကဗျာရေးသူ ငစနူ။
(၈) ချစ်သူဘ၀ ----------- သူငိုလျှင် ကိုယ်လိုက်ငို၏။
အိမ်ထောင်သည်ဘ၀ ---- သူငိုလျှင် TV အစီအစဉ်တွေ ကောင်းပြီ။
(၉) ချစ်သူဘ၀ ----------- သူ့မွေးနေ့ကို အလွတ်ရ၏။
အိမ်ထောင်သည်ဘ၀ ---- ကိုယ့်မွေးနေ့ကိုပင် အလွတ်မရ။
(၁၀) ချစ်သူဘ၀ --------- လူတောထဲတွင် လက်ချင်းချိတ်၍ သွားလေ့ရှိ၏။
အိမ်ထောင်သည်ဘ၀ ---- လူတောထဲတွင် မျက်စောင်းချင်းချိတ်၍ သွားလေ့ရှိ၏။
(၁၁) ချစ်သူဘ၀ --------- အစာစားလျှင် ခွံ့ကျွေးမှ ကြိုက်၏။
အိမ်ထောင်သည်ဘ၀ ---- အစာစားလျှင် ဇွန်းကိုင်လိုက်မှာ ကြောက်၏။
(၁၂) ချစ်သူဘ၀ --------- အချစ်သီချင်းများသာ နားထောင်၏။
အိမ်ထောင်သည်ဘ၀ ---- ကက်ဆက်အကြောင်းသာ ပြော၏။
(၁၃) ချစ်သူဘ၀ --------- ချစ်သူအကြောင်းသာ ပြော၏။
အိမ်ထောင်သည်ဘ၀ ---- သံသရာမှ လွတ်မြောက်ကြောင်းတရားကိုသာ တွေး၏။
(၁၄) ချစ်သူဘ၀ --------- ချစ်သူလုပ်သမျှ စိတ်ဝင်စား၏။
အိမ်ထောင်သည်ဘ၀ ---- လူပေါင်းမှားခဲ့သည့်အတွက် ရင်ထုမနာဖြစ်ရ၏။
Posted by ရင်မောင် at 6:36 AM 0 comments Labels: ဟာသ
Friday, February 29, 2008
ဘာပဲစားစား.. စားလို့မရဘူး

အချဉ်ထုပ်တွေစားလွန်းလို့ သွားတွေကျိန်းပြီး ဘာမှ မစားနိုင်၊ မ၀ါးနိုင်လို့
သွားဆေးခန်းတောင် သွားပြရတယ်။
ဒူးရင်းသီးကို ဆူးမပါရင် အလုံးလိုက် မျိုချချင်ကြောင်း ခဏခဏပြောဘူးတယ်။
(ပဒိုင်းသီးကို ဒူးရင်းသီး ပေါက်စနလေးတွေဆိုပြီး
ကောက်မျိုမယ်လုပ်နေလို့ မနည်းတားထားရတယ်)
ဝက်သားဒုတ်ထိုးဆိုရင် ပါလာတဲ့ပိုက်ဆံကုန်မှ ထတယ်။
ငါးကြော်ကြိုက်လိုက်ပုံများ အိမ်က ကြောင်တောင် အိမ်ပြောင်းပြေးရတယ်။
နွှာရ၊ ခွာရတာ အလုပ်ရှုပ်လို့ဆိုပြီး နေကြာစေ့ကို
အခွံမခွာဘဲ ဒီတိုင်းစားတတ်တာ သူ့စတိုင်လေ။
မြင်တာနဲ့ လုစားတတ်လွန်းလို့ သူငယ်ချင်းတွေက
သူ့ရှေ့မှာ ချောကလက်ဆိုရင် မစားရဲဘူး။
ငယ်ငယ်တုန်းက ပြောင်းဖူးပြုတ်ကို အရိုးပါစားရတယ်ထင်ပြီး
ဝါးစားနေလို့ လက်ထိုးပြီး အန်ခိုင်းခဲ့ရဘူးတယ်။
(အခုထိ သူပြောင်းဖူး စားရင် သတိထားနေရတုံး)
အင်းလျားကန်ပေါင်ပေါ် အကြော်သွားစားရင် ဆိုင်သိမ်းမှ ပြန်တယ်။
cafe မှာ ဘလက်ကော်ဖီ၊ သံပုရာရည်နဲ့ ပေါင်မုန့်နို့ဆမ်း
သုံးမျိုးတွဲမှာလို့ ဆိုင်ထဲကလူတွေ မျက်လုံးပြူးကုန်ကြဘူးတယ်။
(အခု အစာအိမ်တောင် ဖြစ်ချင်နေလို့
"မေ"က ကော်ဖီသောက်ရင် တစ်ဝက်ပဲ ဖျော်သောက်ခိုင်းပေမယ့်
သူမကတော့ ခိုးပြီး ဖျော်သောက်နေတတ်တုံး)
Posted by ရင်မောင် at 9:44 AM 0 comments Labels: ဟာသ
Thursday, December 27, 2007
Pieces of jokes
Whenever I miss u, I check my Msg.
Whenever I want to see u, I take a look at ur photo.
Whenever I want to hear ur voice,
I throw a stone to a pig.
@@@@@@@@@@@@@@@@@@@@@@@@@
1 message now received.
1 nice person sent it.
1 monkey is reading it.
Monkey is smiling now.
Monkey is still reading.
Monkey will be laughing.
&&&&&&&&&&&&&&&&&&&&&&&&&&&&&
Every bird cannot fly high, but Eagle can.
Every flower cannot bloom in water, but Lotus can.
Every monkey cannot read msg, but You can.
##########################################
We are true friends.
If I were sky, u would be a bird.
If I were sea, u would be a fish.
If I were flower, u would be a bee.
If I were tree, u would be a monkey.
******************************************
Who says English is easy?
I don't believe.
Can u fill in the blank with even "Yes" or "No"?
"___", I'm a fool.
U see? How?
If u can't answer, ask another fool.
%%%%%%%%%%%%%%%%%%%%%%%%%%%
U are 70% pretty,
75% naughty,
85% sweet,
90% cute,
and100% lovely
total, 70+75+85+90+100= U are now.... 420.
(အချစ်ဆုံးသူငယ်ချင်းတစ်ယောက်မှ မေတ္တာဖြင့် ပေးပို့ပါသည်။)
Posted by ရင်မောင် at 10:30 AM 0 comments Labels: ဟာသ
Saturday, November 24, 2007
မေ့ကိုမေ့ရခြင်း
စားကောင်းသောက်ဖွယ်များ
စားရသောအခါဝယ်
ချစ်သူကို သတိရ
တမ်းတတတ်တယ် . . .
ခုများတော့ကွယ်
မုန်းလို့ရယ်ဟုတ်ဘူး
စားကောင်းသောက်ဖွယ်ဆိုတာ
ဘယ်လိုဟာ မသိဘူးတာကြောင့်
မင်းကိုငါ မေ့နေရပါကြောင်း
တောင်းပန်စိတ်ကူး . . . ။
တာရာမင်းဝေ
Posted by ရင်မောင် at 2:35 AM 0 comments Labels: ဟာသ
သံတူကြောင်းကွဲ
ယုံမယ်လားဟင်
ကျော့ကျော့မော့မော့
လေနုနော့၍
ဆံလျော့သွားသည်
ရှက်သွေးလေးပင် ဖြန်းတတ်သေး . . .
ခြုံကွယ်နားတွင်
ထန်းရည်ကိုမော့
လုံချည်လျော့၍
အပေါ့သွားသည်
ကြက်သီးများပင် ဖြန်းတတ်သေး . . . ။
Posted by ရင်မောင် at 1:46 AM 0 comments Labels: ဟာသ
Thursday, November 15, 2007
သတင်းခေါင်းစဉ်
၁။ မျဉ်းဝါမှတစ်ဆင့် လမ်းဖြတ်ကူးသူများ ဖိနပ်စီး၍ လမ်းလျောက်လျက်ရှိ၊
၂။ AIDS ရောဂါကို လူတိုင်းကြောက်ရွံ့၊
၃။ တရားသူကြီးများ တရားစီရင်ရေးကိစ္စဆွေးနွေး၊
၎။ နှာခေါင်းတွင် အပေါက်နှစ်ပေါက်မပါပါက လူများအသက်ရှုရာတွင်
အခက်အခဲတွေ့နိုင်ဟု သိပ္ပံပညာရှင်များဆို၊
၅။ အခိုးခံရသော ပန်းချီကားများ ပျောက်ဆုံးလျှက်ရှိ၊
၆။ ကျောင်းသားတစ်ဦး ကျောင်းကားပေါ်တွင် ကျောင်းသားများနှင့် စာအကြောင်းဆွေးနွေး၊
၇။ နားမကြားသူများ နားကြားကိရိယာအသုံးမပြုပါက နားကြားရမည်မဟုတ်ဟု
ကျွမ်းကျင်သူများပြောကြား၊
၈။ ခရီးသည်တင်ကားများတွင် ထိုင်ခုံမရပါက မတ်တတ်စီး၍ လိုက်ပါနိုင်၊
၉။ မဆင်မခြင်သောက်သုံးမှုကြောင့် အရက်သမားတစ်ဦး အမူးလွန်၊
၁၀။ ရထားစီးစဉ် ပြတင်းပေါက်များဖွင့်ထားပါက လေကောင်းလေသန့်ရနိုင်၊
Posted by ရင်မောင် at 4:05 AM 0 comments Labels: ဟာသ
Friday, November 2, 2007
ရုပ်ရှင်ဇာတ်လမ်းများနှင့်ကျွန်တော်
ကျွန်တော်ဟာ
"နှလုံးလှ လူမိုက်" လေးပါ . . .
သူကတော့
"ကောင်းကင်ထက်က ပန်းတစ်ပွင့်" ပေါ့
သူ့ကိုမြင်တိုင်း
"ရင်ထဲမှာ ဘာညာဘာညာ" နဲ့
"စိတ်မရှိနဲ့ ချစ်ကြည့်မလို့" လို့ပြော
"၀မ်းနည်းရမှာလား ၀မ်းသာရမှာလား မိသိန်းကြည်" လို့မေးတော့
သူက "သင်ချစ်လျှင် ကျွန်ုပ် မမုန်းပါ" တဲ့။
"ဆွေမျိုးတော်ရင် ဘယ်လိုခေါ်မလဲ" ဆိုတော့
သူက . . "မောင်" တဲ့။
"ဆေးပေါင်းခတဲ့ ည" တွေမှာမက်တဲ့
"ရွှေရောင်လွှမ်းသော မနက်ဖြန်လေးများ" ကို
ကျွန်တော် မျှော်တွေးခဲ့တယ်။
သူညွှန်းလေ့ရှိတဲ့
ကျွန်တော့် "ပဉ္စလက်ရင်ခွင်" မှာမှီပြီး
"အချစ်ကြီးသူများအကြောင်း"
"ပုံလာလာပြောတိုင်း ယုံ" ခဲ့တယ်။
နောက်ဆုံးတစ်နေ့
"ပြန်ပြောပြဖို့ တော်တော်ခက်လိမ့်မယ်" အစချီ
"သမီးမိုက်" မဖြစ်ချင်ကြောင်းပြော
လမ်းခွဲသွားတော့ "ချစ်ခြင်း၏ အခြားမဲ့၌"
ကျွန်တော့် "ရင်ဝှက်ပန်း" လေးကို
"ပန်းတစ်ပွင့် ဖန်ဆင်းခြင်း" မပြုနိုင်မီ
အရာရာ ပြီးဆုံးသွားခဲ့ပြီ . . .
သူ ကျွန်တော့်ကို "လှည့်စား" သွားခဲ့ပြီလား . . . ။
Posted by ရင်မောင် at 8:09 PM 0 comments Labels: ဟာသ




