About Me

ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။

မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ

Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။

Monday, September 24, 2007

အမြင်

လွင်တီးခေါင်ကြီးထဲမှာပေါ့ . . .

သစ်ခြောက်ပင်ကြီးတစ်ပင်
သူ့ဘ၀သူရုန်းလို့
ထီးထီးကြီးရပ်နေခဲ့ . . .

ပန်းချီဆရာက တွေ့တော့
ပန်းချီဆွဲသွားတယ်
အထီးကျန်ခြင်း တဲ့ . . .
ကဗျာဆရာက တွေ့တော့
ကဗျာစပ်သွားတယ်
ဘ၀ရဲ့အားမာန် တဲ့ . . .

ဆရာတော်ဘုရားက တွေ့တော့
တရားကျသွားတယ်
အနိစ္စ၊ ဒုက္ခ၊ အနတ္တ တဲ့ . . .

ထင်းခုတ်သမားနဲ့ တွေ့တော့
ထင်းခုတ်သွားလေရဲ့
သမုဒ္ဒရာ ၀မ်းတစ်ထွာအတွက် တဲ့ . . . ။

No comments: