About Me

ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။

မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ

Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။

Sunday, September 30, 2007

အချစ်တဲ့ . . .
အချစ်ကို မသိခင်တုန်းကပေါ့
အချစ်ကိုမသိဘဲ လူတွေကို ချစ်ခဲ့ဘူးတယ်
ပြီးတော့ ပြောလိုက်သေးတယ် . . .
အချစ်က ပူလောင်တယ်တဲ့ ။

အချစ်တဲ့ . . .
သိလာရတယ်
ရင်ခုန်တယ် . . .
ပျော်တယ် . . .
ကြည်နူးတယ် . . .
ခံစားချက်တွေ အများကြီး
ဆက်ရန်တွေလည်းရှိနေဦးမယ် . . .

အချစ်ကိုသိမှ အချစ်ဆိုတာကို ချစ်လာခဲ့တယ် . . .
တကယ်တော့
အချစ်ဆိုတာ မပူပါဘူး . . .
နွေးနွေးလေးနဲ့ အေးမြနေတာပါ . . . ။

No comments: