About Me

ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။

မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ

Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။

Sunday, September 23, 2007


ကောင်မလေးရေ
ပေါ့ပေါ့ပျက်ပျက်
ရယ်သွမ်းသွေးတတ်တဲ့
ကောင်လေးတစ်ယောက်ရဲ့ရင်ထဲမှာ
လေးနက်မှု့တွေရှိနေတယ်ဆိုရင်
နင် ယုံမှာလား . . .

နှုတ်ခွန်းချိုမြ
ပျူငှာတတ်တဲ့ နှစ်ခမ်းတစ်စုံမှာ
မာယာတွေ လုံးဝမပါဘူးဆိုရင်
နင် ယုံမှာလား . . .

ခပ်စိုက်စိုက်ကြည့်တတ်တဲ့
မျက်ဝန်းတစ်စုံမှာ
ညှို့ငင်မှု့တွေ အသုံးမပြုဘူးဆိုရင်
နင် ယုံမှာလား . . .

ဘာပဲဖြစ်ဖြစ်ဟာ
ငါ့ ရင်ထဲက တစ်စုံတစ်ရာကိုတော့
နင် ဘာသာပြန်တတ်မှာပါ . . .

No comments: