မိန်းမတွေနဲ့ စကားပြောရင်
သိပ်သတိထားရတယ် . .
မင်းတို့မသိဘူးလို့ပြောရင်
သူတို့ သိပ်စပ်စုတယ်။
မင်းတို့ ရိုးတယ်ကွာဆိုရင်
သူတို့က အဆန်းထွင်တယ်။
ဒါငါ့အလုပ်ကွလို့ ပြောတာနဲ့
ရှိသမျှအလုပ် သူတို့လုပ်သွားရော . . ဟီးဟီး ။
အနောက်က စေတီလေးကို
ပုံထဲပါအောင် ရိုက်ပေးနော်
ဒါမှ ကျုပ် ဘုရားဖူးထွက်တယ်လို့
အိမ်က မိန်းမကို
ယုံအောင် ပြောလို့ရမှာ . . . ။
ကျုပ်ငယ်ငယ်တုန်းက ရိုက်ခဲ့တဲ့ဓါတ်ပုံတွေမှာ
သိပ်ချောတာပဲ . .
ခုခေတ် ရိုက်တဲ့ ဓါတ်ပုံတွေထဲမှာ
အဘွားအိုကြီးအတိုင်းပဲ . .
နည်းပညာတွေက
တဖြည်းဖြည်း ဆုတ်ယုတ်လာပြီရှင့် . . . ။
About Me
- ရင်မောင်
- ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။
မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ
Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။
Saturday, October 20, 2007
ပြုံးရယ်ဟား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment