About Me

ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။

မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ

Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။

Saturday, November 24, 2007

ရင်းနှီးမှုကိုပျိုး၍ သံယောဇဉ်ကို ရိတ်သိမ်းခဲ့သူ
သံယောဇဉ်ကိုပျိုး၍ သမုဒယကို ရိတ်သိမ်းခဲ့သူ
သမုဒယကိုပျိုး၍ ချစ်ခြင်းကို ရိတ်သိမ်းခဲ့သူ
ချစ်ခြင်းကိုပျိုး၍ စွန့်လွှတ်ခြင်းကို ရိတ်သိမ်းခဲ့သူ
စွန့်လွှတ်ခြင်းကိုပျိုးပြီးမှ . . .
လွမ်းဆွတ်ခြင်းကို ရိတ်သိမ်းရမှာကြောက်သူ

ပန်းလှလှနဲ့ အပင်မဖြစ်ရရင်နေပါ
သူမတောင်တန်းက
ခြုံလေးတစ်ခုဖြစ်ချင်တဲ့ ဆန္ဒကိုပျိုးရင်း
သောကကို ရိတ်သိမ်းနေရသူပါ . . . ။

No comments: