About Me

ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။

မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ

Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။

Thursday, November 15, 2007

နှစ်ဆယ့်တစ်ရာစု ရည်းစားစကား

မျက်နှာချိုသွေး . . သွေးပြီး
ချစ်ရေးဆိုရမှာ ရှက်လိုက်တာကွာ . . ။

ဂစ်တာမတီးတတ်ဘူး
သီချင်းမဆိုချင်ဘူး
စာမပေးချင်ဘူး
ကဗျာမရွတ်ချင်ဘူး
အုတ်ခုံကို . . . ဂစ်တာနဲ့ ရိုက်ခွဲ
အဲဒါ . . .
ကိုယ့်အသည်းပါပဲ . . ။

အိုက်တင်ပေး
ဖက်ရှင်ပြ
အ၀တ်အစားလှလှလေးတွေ ၀တ်ပြီး
ပြဇာတ် မကချင်ဘူး . . ။

ဟောင်းနွမ်းနေတဲ့
အင်္ကျီကြယ်စေ့တွေကို
လက်နှစ်ဘက်နဲ့
(ဖြန်းကနဲ) ဆွဲဖွင့်
အဲဒါ . .
ကိုယ့်ရဲ့ ပန်ကြားခွင့်ပေါ့ . . ။

အသည်းမကွဲချင်ဘူး
မျက်ရည်မကျချင်ဘူး

ကွန်ပျူတာ စက်ခလုတ်တွေပေါ်မှာ
တို့နှစ်ယောက်
ပျော်ရွှင်စွာ တွေ့ဆုံကြရအောင် . . ။

မုဒိတာ မဂ္ဂဇင်းမှ

No comments: