မချစ်ခင် နှောင်ဖွဲ့၊ ကြိုးတည်းခဲ့လည်း
မခိုင်ဘဲလျှင်၊ ပြတ်စဲပါသည်
လျော့ရဲချည်၍၊ လည်စယ်မလွတ်
ကျော့ကွင်းညွှတ်လို့၊ မလွှတ်နိုင်ပါ
ကရုဏာနှင့်၊ မေတ္တာသွန်ဖြိုး
စေတနာမိုးတို့၊ ကြိုးတည်းပြီးသား
ရဟတ်ချားနှယ်၊ ဇာတ်သွားလယ်ပြီ
မျက်ခြယ်ကြိုက်ရာ၊ ရွေးချယ်ပါတော့
သည်မှာခရေ၊ မြေပေါ်မှာပန်း
နမ်းလိုနမ်းပါ၊
နှင်းဆီသာလျှင်၊ မြတ်နိုးချင်မူ
သခင်ကြိုးဖြေ၊ လွှတ်ပါလေတော့
သည်မြေနန်းမှ၊ ခရေပန်းက
မသွေတမ်း ခွင့်လွှတ်တယ် . . . မောင် ။
မမယ်မ
About Me
- ရင်မောင်
- ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။
မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ
Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။
Thursday, March 20, 2008
ခွင့်လွှတ်တယ်.. မောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment