About Me

ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။

မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ

Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။

Monday, March 3, 2008

အသက်ရှည်တယ်ဆိုတာ

အသက် ၁၀၄ နှစ်ရှိပြီဖြစ်သော အဘွားအိုတစ်ဦးအား
သတင်းထောက်တစ်ဦးက အင်တာဗျူး လုပ်လေသည်။
သတင်းထောက် ...... အသက်ရှည်အောင် ဘယ်လိုကျင့်ကြံပါသလဲ အဘွား။
အဘွားအို .............. အစားအသောက်နဲ့ ဆိုင်ပါတယ်။
သတင်းထောက် ...... အစားအသောက် ပုံမှန် စားတာလား။
အဘွားအို .............. နံနက်စာ ပုံမှန် စားဖြစ်ပါတယ်။
သတင်းထောက် ...... ညစာ ဘာစားပါသလဲ သိပါရစေ။
အဘွားအို .............. ဘာမှ မစားပါဘူး ငါ့တူရယ်။
သတင်းထောက် ...... ဘာဖြစ်လို့ မစားတာလဲ၊
........................... ကျန်းမာရေး ကောင်းအောင်လို့လား အဘွား။
အဘွားအို .............. မဟုတ်ပါဘူး၊ ကျွေးမယ့်သူ မရှိလို့ပါ။

1 comment:

Anonymous said...

ဟား....ဟား...... မထင်မှတ်တဲ့ အဖောက်ကလေးဗျ.....
ကောင်းတယ်......