۞ ချစ်မေတ္တာပန်းတစ်ပွင့်
လှမ်းလင့်လို့ ခူးခွင့်ရရင်
ခူးဆွတ်ချင်ပါတယ်
۞ ချစ်မေတ္တာပန်းတစ်ပွင့်
ရနံ့သင့်လို့ နမ်းခွင့်ရရင်
နမ်းရှိုက်ချင်ပါတယ်
۞ အကယ်၍ပန်းတစ်ပွင့်
ဥယျာဉ်မှူးအသင့်ရှိရင်
ကြိုသိချင်ပါတယ်
۞ လှမ်းလင့်လို့ ခူးခွင့်မရရင်
အလွမ်းသင့်မှာစိုးလို့ပါ
ရနံ့သင့်လို့ နမ်းခွင့်မရှိရင်
အဆိပ်သင့်မှာစိုးလို့ပါ
۞ အကယ်၍
ခူးခွင့်မရှိ
နမ်းခွင့်မရှိရင်တောင်
အလွမ်းထိထိ
အဆိပ် မိမိ
ခံစားမိရာ အချစ်ဆိုတာ
ရင်မှာဖြစ်တည်နေလို့ပါ
ချစ်သူထံပါး လွှင့်ပျံ့ကြားပါစေသာ့း့  ။
(မမယ်မမှ အမှတ်တရ ပေးပို့ပါသည်)
About Me
- ကိုရင်မောင်
- ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။
မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ
Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။
Monday, October 13, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment