About Me

ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။

မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ

Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။

Monday, October 13, 2008

သခင်သိစေ

သခင်
တမ်းတလွမ်းရမျှော်လင့်ရလို့ ကြာပန်းလေးလဲညိုးရော်နေခဲ့ ...
နေခြည်မျက်ရည် ကြွေလွင့်ခဲ့လို့ ရေကန်လေးလဲ ပြည့်ခဲ့ပြီ ...
ကြာပန်းပွင့်လေး လန်းဆန်းစေရေး လမင်းအလင်းထွန်းလင်းပေးပါ သခင်
ရေအမြင့်မှာ ကြာတင့်စေဖို့ နေခြည်မျက်ရည်သွန်းခဲ့သည် ...
ကြာကန်နံဘေးထိုင်ခုံလေးမှာ သခင်လာရာ မျှော်နေခဲ့လဲ သခင်မသိနိုင်ခဲ့ပြီ် ...
ဘယ်ဆီမှာလဲ ဆုံစည်းခြင်းတွေရယ်
မရေရာ မသေချာခဲ့တဲ့ နေ့ရက်များကို လျှောက်လှမ်းနေရင်း
ကြာတတ်တာတွေ မကြာစေဖို့ ကြာပန်းလှူကာ ဆုတောင်းမယ် ...
မျှော်လင့်ခြင်းတွေ မကြာခင်ဘဲပြည့်ပါစေ ...... ။
(မမယ်မမှ အမှတ်တရ ပေးပို့ပါသည်။)

1 comment:

Anonymous said...

ချစ်သူ တမ်းခြင်းလေး ကောင်းလိုက်တာဗျာ