About Me

ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။

မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ

Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။

Tuesday, August 25, 2009

သတင်း

ကျွန်တော်ကိုရင်မောင်တစ်ယောက် အကြောင်းအမျိုးမျိုးကြောင့် Blog လောကကို ခြေဦးမလှည့်နိုင်ခဲ့တာ တော်တော်ကြာခဲ့ပါပြီ။ အခုတော့ အလုပ်လေးလည်း နည်း နည်းပါးတုန်း၊ မမယ်မအတွက်ရည်ရွယ်ပြုလုပ်ပေးခဲ့တဲ့ ဒီ Blog လေးကိုလည်း သံယောဇဉ်မပြတ်နိုင်တာကြောင့် ပြန်လည်အသက်သွင်းဖို့ အရောက်လာခဲ့ပါပြီ။ ခံစားမှု၊ ကဗျာ၊ ရသစာစုများဖြင့် ဆက်တိုက်ရေးသားတင်ဆက်တော့မှာ ဖြစ်တဲ့ အကြောင်း လာရောက်ကြည့်ရှုအားပေးကြသော မိတ်ဟောင်းမိတ်သစ်အပေါင်းကို သတင်းကောင်းပါးလိုက်ရင်း အောက်က ကဗျာလေးနဲ့ ဒီလိုဖွင့်လိုက်ချင်တယ်ဗျာ..


ယုံလိုက်စမ်းပါ...
ငါဟာ...
မင်းအတွက်
နှင်းစက်တွေကျနေတဲ့ ဒီလိုဆောင်းညချမ်းမှာတောင်
မအေးမြနိုင်လောက်အောင်
ပူလောင်ပြင်းပြ
သတိရနေခဲ့တယ်ဆိုတာ....

("အာ့ဂျု့ရှိ" လို့ ကျွန်တော့်ကိုခေါ်တတ်တဲ့) မမယ်မရေ...
ဟောဒီ နေ့ရက်တွေသာ
သောက်လက်စ စီးကရက်တစ်လိပ်ဖြစ်မယ်ဆိုလည်း အကောင်းသားပေါ့...
ဒါဆို
ချက်ချင်းခြေမွလွှတ်ချလိုက်မှာပါ...

အခုတော့...
အချစ်ဆိုတဲ့စကားလုံး
စာလုံးပေါင်းတတ်ရုံရှိသေး
(ကိုယ်တို့နှစ်ယောက်က)
ဟိုး... အဝေးမှာ ရောက်နေခဲ့...

ရက်စက်ဆိုးဝါး
မရိုးသားတဲ့ ကံကြမ္မာကိုပဲ
အပြစ်တွေပုံချနေဆဲမှာ
ငါ့အိပ်မက်တွေ မှောင်မိုက်
ကြေကွဲမှုတွေ မီးလောင်မြိုက်
မမယ်မရေ....
(မင်းကိုချစ်တဲ့ ချစ်စိတ်တွေကြောင့်)
ငါ.... ရူးတော့မယ် ထင်ပါရဲ့..... ။

No comments: