စစ်ဆေးရေးအဖွဲ့ ဆေးရုံသို့ရောက်ရှိလာပြီး လူနာတစ်ယောက်ကိုမေးသည်။
“ဘာရောဂါနဲ့တက်ရောက်ကုသနေတာလဲ ခင်ဗျာ။"
“လိပ်ခေါင်းရောဂါပါ။"
“အခု မိတ်ဆွေကို ဘယ်လို ကုသနေပါသလဲ။"
“စအိုထဲကို ပိုက်သွင်းပြီး ဆေးတွေ လောင်းချပါတယ်။"
“မကျေနပ်တာ ရှိလား။"
“မရှိပါဘူး၊ အားလုံးကောင်းပါတယ်။"
ဘေးကုတင်က လူနာကို စစ်ဆေးရေးအဖွဲ့ဝင်တစ်ဦးက မေးပြန်သည်။
“မိတ်ဆွေကရော ဘာရောဂါနဲ့ ဆေးရုံတက် ကုသနေတာလဲ။"
“လည်ချောင်းနာတဲ့ရောဂါပါ။"
“အခု မိတ်ဆွေကို ဘယ်လိုကုသနေပါသလဲ။"
“အာခေါင်ထဲကို ပိုက်သွင်းပြီး ဆေးတွေလောင်းချပါတယ်။"
“မကျေနပ်တာ ရှိလား။"
“တစ်ခုပဲ မေတ္တာရပ်ခံချင်ပါတယ်။ ပိုက်သွင်းကုတဲ့ဥစ္စာ ကျွန်တော့်ဆီက
အရင်စစေချင်ပါတယ်။"
**မမယ်မ ပေးပို့သော forwarded mail မှဖြစ်ပါသည်
About Me
- ရင်မောင်
- ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။
မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ
Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။
Monday, March 1, 2010
မြိုမကျဘူး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment