လင်မယားနှစ်ယောက်တွင် သားလေးယောက်ရှိသည်။ ထူးဆန်းသည်မှာ
အကြီးသုံးယောက်မှာ ဆံပင်နီနီ၊ အသားလတ်လတ်၊ အရပ်မြင့်မြင့်ဖြစ်သည်။
အငယ်ဆုံးမှာ ဆံပင်နက်နက်နှင့် အရပ်ပုပုဖြစ်သည်။ ဖခင်ဖြစ်သူသည်
နောက်ဆုံးတွင် မကျန်းမမာဖြစ်ပြီး သေလုဆဲဆဲတွင် ဇနီးဖြစ်သူကို သေချာမေးလိုက်သည်။
- အချစ်ရယ်..ကိုယ်မသေခင် ကိုယ့်ကို ရိုးရိုးသားသား ပြောစမ်းပါ။ အငယ်ဆုံး
သားလေးက ကိုယ့်ရဲ့ကလေးဆိုတာ ဟုတ်ရော ဟုတ်ရဲ့လားဟင်...။
- ဘုရားအဆူဆူကို ကျိန်ပြီး ပြောရဲပါတယ်။ ရှင့်သားမှ ရှင့်သား အစစ်ပါ။
ဟု ဇနီးဖြစ်သူက ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားပြီးသည်နှင့် ခင်ပွန်းဖြစ်သူသည် ပြုံးလျှက် ကွယ်လွန်သွားသည်။
ထိုအခါမှ ဇနီးဖြစ်သူက ရေရွတ်ပြောဆိုလိုက်သည် -
- တော်သေးတာပေါ့ … အကြီးသုံးယောက်ကို မေးမသွားလို့……
**မမယ်မ ပေးပို့သော forwarded mail မှဖြစ်ပါသည်
About Me
- ရင်မောင်
- ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။
မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ

Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။
Monday, March 1, 2010
တော်သေးတာပေါ့
Posted by ရင်မောင် at 4:18 PM 0 comments Labels: ဟာသ
ရေလာမြောင်းပေး
x ရှင်..ကျွန်မကိုနမ်းရင် အဖေမမြင်စေနဲ့နော်။
- ဟမ်..ကိုယ်မင်းကို ဘယ်တုန်းကမှ မနမ်းရပါလား။
x ဟုတ်ပါတယ်၊ တကတည်းမှပဲ၊ နမ်းမယ်ဆိုရင်ပြောတာပါ။
Posted by ရင်မောင် at 4:12 PM 0 comments
အချစ်နဲ့ ပက်သက်လာရင် ကိုယ်ရဲ့ခွန်အားတွေဆိုတာဟာ
(A)ရာဝတီတိုင်းမှာ မွှေနှောက်တိုက်ခတ်သွားတဲ့ နာဂစ်ဆိုင်ကလုန်း
လေမုန်တိုင်းလို ကြီးမားပါရဲ့ မေရယ်…..။ မေ့ရဲ့ ပတ်ဝန်းကျင်မှာ
(B)လူး၊ဂုမ္ဘာန် ၀န်းရံစောင့်ကြပ်နေအုံးတော့၊ ကိုယ် ဘာလို့ မှုနေရမှာလဲ ..
ဟင်း..ဟင်း ..၀ီစကီထဲ
(C)ပလပ် ရောစပ်ပြီး ဆတ်ခနဲမော့ချလိုက်ရင်း ရန်စွယ်တွေမှန်သမျှ၊
အန္တရာဃ်တွေဟူသမျှကို
ဟော(D)ကောင်ဖြေရှင်းသုတ်သင်ပြပါမယ်...မေ။
တကယ်တော့ ကိုယ်ဟာ မေနဲ့ပက်သက်လာခဲ့ရင် အင်မတန်မှ စွဲလမ်းစိတ်ကြီးမားတဲ့သူပါမေရယ်၊
ဘယ်လောက်တောင်မေ့အပေါ် စွဲလမ်းသလဲဆိုတော့ မေအမှတ်မထင် လွှတ်ထုတ်လိုက်တဲ့
(E)သံကလေးကိုတောင် အာရုံထဲမှာ စွဲငြိနေပါသေးတယ်၊ ဘာပဲဖြစ်ဖြစ်ကိုယ့်အဖို့တော့
ကြင်နာသူက လမ်းခွဲသွားရင် ကိုယ့်အသည်းတစ်ခုလုံး
(F)ကွဲကြေမွသွားမှာ သေချာပါတယ်မေ...။ မေရယ် ကိုယ်မေတ္တာကို တုံ့ပြန်ပေးပါ။
ကိုယ့်ကို ချစ်ခွင့်ပေးပါ၊ ကိုယ်မြတ်နိုးတဲ့ ပန်းကလေးရဲ့ရနံ့ကို
ပိုင်ပိုင်နိုင်နိုင် ရှိုက်နမ်းမွှေးကြူခွင့်ပြုပါ။ သည်လိုတောင်းဆိုလိုက်တာတွေနဲ့ ပက်သက်လို့
ကိုယ်ဟာ အင်မတန်မှ
(G)ကျတဲ့သူရယ်လို့လည်းထင်မှတ်မသွားပါနဲ့အုံး။ ကိုယ်တောင်းခံထားတဲ့အချစ်နဲ့ ပက်သက်ပြီး
(H)ချင်ယောင်လည်း ဆောင်မနေပါနဲ့တော့၊ ကိုယ်ဟာ တစ်သည်းမှာတစ်သက်၊
တစ်သက်မှာတစ်သည်း၊ မျက်နှာလည်း မများတက်သလို
(I)တွေ့တိုင်းလည်း ခြေဆေးတက်သူမဟုတ်ဘူးဆိုတာ ယုံထားလိုက်စမ်းပါ၊ ကိုယ်အခု
(J)ရုဆလင်နိုင်ငံနဲ့ပက်သက်တဲ့ သတင်းတစ်ပုဒ် ဖတ်နေတယ်မေ..၊ ပြည်တွင်းစစ်မှာ
အချင်းချင်း တိုက်ကြခိုက်ကြနဲ့ အငြိုးအတေးကလည်း ကြီးပါ့၊ နဖူးကအမာရွတ်မြင်လေတိုင်း
မင်းမဟော်ကို အခဲမကျေဖြစ်နေတဲ့
(K)၀ဋ် ပုဏ္ဍားတောင် လက်မြှောက်အရှုံးပေးလောက်ပါရဲ့၊ မေနဲ့ကိုယ်တို့ကြားမှာတော့
လက်ကလေးတွေ တွက်ချိုးရေဖို့ရာ အမျက်ကလေးတွေ သက်ဆိုးမရှည်ခဲ့ပါဘူးနော်၊
ကိုယ်သူငယ်ချင်းတွေက ကိုယ့်ကိုမေးကြတယ်၊ ကိုယ်ဟာမေ့ရဲ့
(L)စတုံအိုးကြီးကို သဘောကြလို့ ချစ်သွားတာလားတဲ့၊ ရယ်ပဲရယ်စရာ ကောင်းသေးတော့၊
ကိုယ်က မေ့ရင်ထဲက ဖြူစင်တဲ့နှလုံးသားလေးကိုသာ ချစ်တဲ့အကြောင်းဖွင့်
(M)ပြောပြလိုက်မှ ငြိမ်သွားကြတယ်၊ ဒါတောင်မှ အထွန့်တက်လာကြသေးတယ်။
(N)ဏ္ဏဝါလှိုင်းရေပြင်ထက်မှာတော့ ငှက်မောင်နှံက တူယှဉ်တွဲ ပျံသန်းလို့ပေါ့။ ကိုယ်ဟာ မေ့အပေါ်
(O)မင်းရင့်ရော်တဲ့အထိ မပြယ်သောမေတ္တာများနဲ့ ချစ်သွားမယ့်သူပါ၊ သည်လိုမျိုး မေ့အပေါ်ထားတဲ့သစ္စာ
မ(P)ပြင်ခဲ့ဘူးဆိုရင် အဏ္ဏဝါမြစ်ရေအလျဉ်ကို အန်တုတားဆီးနေတဲ့
(Q)ပင်တွေကို နှုတ်ပြီး ကိုယ့်ရင်ဝကို ဆောင့်ထိုးလိုက်ပါတော့။
ကိုယ်ဟာ ဖြီးဖြန်းအပိုကဲလို့ မညာတတ်သလို ကျီးကန်းလိုလည်း
မ(R)တတ်ပါဘူး၊ ကိုယ်အချစ်က ငရဲမီး
(S)ဆစ် အစားခံရတဲ့ ဇဗ္ဗူရာဇ်ရွှေစင်နှလုံးသားပါ မေရယ်၊ စကားတွေကို
(T)တီတာတာ မဖွဲ့နွဲ့တတ်ပါဘူး၊ မေတ္တာတွေပေးခဲ့ပြီင်္းသူမို့ မေတ္တာကိုတော့ ပြန်
(U)ချင်ပါတယ်မေ...။ ကိုယ်အခု ချောင်းသာကမ်းခြေကို အလကားခေါ်မယ့်သူရှိလို့
ရောက်နေတယ်..။ သည်စာကို
ပင်လယ်က(V)ပင်အောက်မှာ ထိုင်ရေးနေတာ။ သည်အချိန်မှာပဲ
ဘယ်ကကန်ထည့် လိုက်မှန်းမသိတဲ့
(W)ဘောလုံးတစ်လုံးက ကျောကုန်းကိုလာမှန်တယ်၊ အမယ်လေးလေး၊ အောင့်လိုက်တာ၊
နာလိုက်တာ၊ အဆုတ်တွေ ဘာဖြစ်သွားလဲမသိဘူး၊ ရန်ကုန်ပြန်ရောက်တော့မှပဲ
(X)ရေး ဓါတ်မှန်ရိုက်ကြည့်ရတော့မှာပဲ။ စာလည်းရှည်သွားခဲ့ပြီ ……. မေ။
သည်းခံပြီး ဖတ်တာ ကျေးဇူးကမ္ဘာပါ။
အဲ ……. တစ်ခုတော့ ရှိတယ်။
ကိုယ်အပေါ် မေ့ဆီက မေတ္တာတုံ့ပြန်မလာဘူး ဆိုရင်တော့ ကိုယ်ဟာ
အင်ဂျင်(Y)နဲ့ ပိုးသတ်ဆေး သောက်ရင်း
(Z)ကျိုးလို့ နိဂုံးချူပ်သွားပါလိမ့်မယ်မေ...
**မမယ်မ ပေးပို့သော forwarded mail မှဖြစ်ပါသည်
Posted by ရင်မောင် at 3:58 PM 0 comments Labels: ဟာသ
ချစ်သူ့အတွက် (၁၄)
၁ ယောက်သောသူအတွက်
၂ လုံးတည်းသောစကား ပြောကြားချင်တယ်၊
၃ နေကျစကားမဟုတ်လို့
၎ လေးနက်နက်နားထောင်ဖို့လိုမယ်။
၅ တစ်ကောင် ကုန်းပေါ်ရောက်နေတဲ့အလား မင်းမရှိရင်
၆ ကပ်အထီးကျန်မှုတွေ ခံစားနေရလို့
၇ သံချီဟစ်ပြီး ဖွင့်ပြောမယ်
၈ တယ် ‘ချစ်တယ်’ အချစ်ရယ်။
၉ ကွယ်ရာမဲ့ ရေတိမ်နစ်နေတဲ့နလုံးသား
၁၀ ယူဖေးမလို့ ကြင်နာသနားပါ။
၁၁ ကြိုးကဝေအတတ်နဲ့ ပြုစားခံရလို့
၁၂ ရာသီအလွမ်းဖျားတွေနဲ့ ငါ့အသဲနှလုံး မင်းမရှိရင်
၁၃ လို့ မရတော့အောင်ကွဲကြေနိုင်တဲ့အရေး ကာကွယ်ပေးဖို့
၁၄ ရက်(ချစ်သူများနေ့)အမှီ တုံ့ပြန်မေတ္တာပေးလှည့်ပါနော်...
**မမယ်မ ပေးပို့သော forwarded mail မှဖြစ်ပါသည်။
Posted by ရင်မောင် at 3:53 PM 0 comments Labels: ခံစားမႈ
ချစ်သောဇနီး
လူတစ်ယောက်ဟာ ဟိုတယ်တစ်ခုမှာ အခန်းယူပြီး သူ့အခန်းထဲကိုဝင်တော့
အခန်းထဲမှာ ကွန်ပျူတာတစ်လုံးတွေ့တာနဲ့ သူအတော်ဝမ်းသာသွားတယ်။
ဒီတော့ သူ့မိန်းမဆီကို လှမ်းပြီးသတင်းပို့မှပဲဆိုပြီး အီးမေးလ်တစ်စောင်ပို့လိုက်တယ်။
ဒါပေမယ့် သူ အီးမေးလ်လိပ်စာ မှားရေးလိုက်တာကို သူကိုယ်တိုင်တောင်မသိလိုက်ဘူး။
အဲဒီအီးမေးကို ပို့လိုက်မိပြီလေ။
အဲဒီအချိန် ……
ရန်ကုန်မြို့ရဲ့တစ်နေရာမှာ မုဆိုးမတစ်ယောက်ဟာ သူ့ယောက်ျားရဲ့အသုဘ ပို့ရာကနေ
ပြန်ရောက်လာပြီး သူ့ကွန်ပျူတာမှာ အီးမေးလ်စစ်ဖို့ ပြင်ဆင်နေတယ်။ နိုင်ငံရပ်ခြား
ရောက်နေကြတဲ့ ဆွေမျိုးမိတ်ဆွေ သူငယ်ချင်းတွေရဲ့ အားပေးစကားလေးတွေ
ကြားရမလားလို့ အီးမေးလ်ကို စစ်လိုက်တယ်။ ခဏအကြာမှာ အောင်မလေး လို့
အော်တဲ့အသံကြားရလို့ သူ့သားက အပြေးလေးဝင်လာတော့ အမေလုပ်တဲ့လူက
ကြမ်းပြင်မှာ ပက်လက်လန်ပြီး မေ့နေပြီ။
ဒါနဲ့ ကွန်ပျူတာကို ကြည့်လိုက်တော့ မော်နီတာ စကရင်မှာ ပေါ်နေတာက -
သို့ … ချစ်ဇနီး
အကြောင်းအရာ ။ ။ ကိုယ်ရောက်ပါပြီ
နေ့စွဲ ။ ။ ၂၁ ရက် အောက်တိုဘာလ ၂၀၀၇
မင်း ကိုယ့်ဆီက သတင်းကြားရရင် အတော်အံ့သြသွားမယ်ဆိုတာ ကိုယ်သိနေတယ်။
သူတို့ဆီမှာလည်း ကွန်ပျူတာရှိတယ်ကွ။ ကိုယ်ချစ်တဲ့သူတွေဆီကို အီးမေးလ်ပို့ဖို့
ခွင့်ပြုထားတယ်လေ။ အခုပဲရောက်တယ်။ နေစရာလည်း အဆင်ပြေပါတယ်။
မင်း မနက်ဖြန်လာရင်အဆင်ပြေအောင် ကိုယ်အားလုံးစီစဉ်ပြီးပါပြီ။ ကိုယ်ကိုယ်တိုင်
မင်းကိုလာကြိုပါ့မယ်။ မနက်ဖြန် တွေ့ကြတာပေါ့။
မင်းကိုချစ်တဲ့
မောင်….
**မမယ်မ ပေးပို့သော forwarded mail မှဖြစ်ပါသည်
Posted by ရင်မောင် at 3:48 PM 0 comments Labels: ဟာသ
(၁) အချစ်ဆိုတာ သူ့ကို ကိုယ့်နှလုံးသားထဲ
တိတ်တိတ်လေး ထည့်ဖွက်ထားတာဖြစ်တယ်။ ကိုယ်ဘယ်သွားသွား သူပါတယ်။
ကိုယ်ဘယ်ရောက်ရောက် တစ်သက်လုံးသူရှိနေတယ်။
(၂) အချစ်ဆိုတာ ကိုယ့်နှလုံးသားကို သူ့ဆီမှာပဲထားတယ်။ ထွက်မပြေးဘူး၊
လျှောက်မပြေးဘူး၊ သူ့နှလုံးသားထဲမှာပဲ ကိုယ့်နှလုံးသားကို ထာဝစဉ်
လဲလျောင်းစေတယ်။
(၃) "ချစ်တယ်" ဆိုတဲ့စကားက လူကိုနွေးထွေးဖို့ လုံလောက်ခဲ့တယ်။ ဒါပေမယ့်
အဲဒီစကားက တစ်ဖက်သတ်မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် နှလုံးသားချင်းထပ်ရတယ်။
(၄) နင်သိလား! ကိုယ့်ကိုနားလည်တဲ့လူကို ရှာဖို့ရာ မလွယ်ကူဘူး။ ဒါပေမယ့်
ငါကံကောင်းခဲ့တယ်။ ဘုရားသခင်က ငါ့အတွက်မင်းကို စွန့်ကျဲခဲ့တယ်။
ရိုးရိုးရှင်းရှင်းစကားကို ငါအားမနာတမ်းပြောချင်တယ် "နင့်ကိုချစ်တယ်"...
(၅) နင့်ကိုချစ်တာ ခံစားမှုတစ်မျိုး၊ နင့်ကိုလွမ်းတဲ့အလွမ်းက ငါ့ကိုပျော်စေတယ်၊
နင့်ကိုဖက်ထားရတာ ငါ့အတွက် မှီခိုမှုတစ်မျိုးပေါ့။ နင့်ကိုနမ်းတော့ ကြည်နူးရတယ်။
နင်ဟာ အမြဲတမ်း ငါရဲ့ပျော်ရွှင်ခြင်းပေါ့ကွယ်...
(၆) အရင်က နင်နဲ့ငါမသိခဲ့လို့ "အချစ်"နဲ့ ငါလမ်းလွဲခဲ့ရတယ်။ ခုတော့
ငါ့ဘဝထဲ မင်းအပိုင်စီးဝင်လာခဲ့ပြီ။ အထီးကျန်ခဲ့ဖူးတဲ့ ငါ့နေ့ရက်နဲ့
ပျော်ရွှင်ခြင်းတွေ ပြည့်နေမယ့် ငါ့အနာဂတ်ကို မင်းတာဝန်ယူပေးပါ။
(၇) ထာဝရထက် မင်းကိုငါ တစ်ရက်ပိုချစ်တယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ်
နင့်ကိုငါလွမ်းတယ်။ နင့်ဘေးမှာ ငါမရှိပေမယ့် ငါ့အလွမ်းထဲမှာ နင်အမြဲရှိတယ်။
ငါ့နှလုံးသားထဲမှာ နင်နေရာအပြည့်ယူထားတယ်။
(၈) ငါ့ဘဝထဲ မင်းရောက်မလာခင် ငါဟာနေ့ည မခွဲခြားတဲ့ တေလေငှက်
တစ်ကောင်လို လူ့ပင်လယ်ထဲမှာ လမ်းပျောက်နေခဲ့တယ်။ မင်းဟာ ငါရဲ့ ဓူဝံကြယ်ပါ။
မင်းနှလုံးသားမှာ ခိုလှုံနိုင်ဖို့ ငါ့ကိုအလင်းပေး လမ်းညွှန်ခဲ့တယ်။
(၉) ငါတို့က တောင်ပံတစ်ဖက်စီသာ ရှိကြတဲ့ အိန်ဂျယ်တွေပါ။
နှစ်ယောက်ပွေ့ဖက်ပေါင်းစပ်မှ ပျံသန်းနိုင်မှာဖြစ်တယ်။
နင် ငါရဲ့တောင်ပံတစ်ဖက် လုပ်နိုင်မလား?
(၁ဝ) တစ်နေ့မှာ ပျော်ရွှင်ခြင်းက ဘယ်မှာလဲလို့ နင်မေးလာခဲ့ရင်
ပျော်ရွှင်ခြင်းက လေထဲမှာလို့ နင့်ကိုငါ တိုးတိုးလေးပြောပြမယ်။
နင်ရှုရှိုက်လိုက်တဲ့ လေတိုင်းမှာ နင့်ကိုငါပေးမယ့် ပျော်ရွှင်ခြင်းတွေ ပါဝင်နေခဲ့တယ်။
** မမယ်မမှ ပေးပို့ပါသည်
Posted by ရင်မောင် at 3:18 PM 0 comments Labels: ခံစားမႈ
Saturday, February 6, 2010
ဖတ်ဘူးသော Gtalk Custom Message များကို မြန်မာ့သွေးမှ ကူးယူဖေါ်ပြပါသည်။ တွေးကြည့်လေ ရယ်ရလေမို့ စိတ်အာဟာရ အင်မတန်ဖြစ်စေပါသည်။
ကိုလှရွှေ နေမကောင်းဖြစ်လို့
မသိန်းကြည် ငါးသွားရောင်းတာ...
တာမွေမှာ ရေကြီးလို့တဲ့..
အဲဒါနဲ့ အမေရိကန်နဲ့ ကိုရီးယား စာချုပ်ချုပ်လိုက်တာ
ဒွေးသေသွားတယ်...
နင့်ကို လွမ်းလိုက်တာဟာ..
ခင်ရုံပါဆိုရင် ရင်ခုန်စရာ ဘာလို့တွေးတာလဲ..?
ရိုးရိုးသိတာပါဆိုရင်လည်း ခိုးခိုးကြည့်စရာမလိုပါဘူး...
ဖုံးဖိနေပေမယ့် အပြုံးအကြည့်တွေက သိသာတယ်နော်...
အခင်မပိုသေးရင်လည်း အရင်လိုလေးပဲ ဆက်ဆံပေါ့..
အချစ်ဆိုတာ...
ဓားသွားပေါ်က ပျားရည်စက်တဲ့...
တောက်... ဘယ်သူကများ ပျားရည်တွေကုန်အောင် လျက်သွားပါလိမ့် ...?
ငါ့အလှည့်ကျ ဓားသွားချည်း ကျန်တော့တယ်...
ချာတိတ်မတွေကို…
ညာရှိတ်ရဦးမယ်
မုန်းတယ် မုန်းတယ်
မိန်းမတွေကို မုန်းတယ်း)
ပြောသာပြောရတယ်
အမေ့ကို မတိုင်ရဘူးနော်။
တစ်ခါတလေ လောကကြီးကို
ဖားတစ်ကောင်နဲ့ ခရုတစ်ကောင် လက်ဆောင်ပေးလိုက်ချင်တယ်။
တစ်ခါ Hi ၁၀၀ ကျပ်။
နာမည်မေးလျှင် ၂၀၀ ကျပ်။
လိပ်စာပါသိချင်လျှင် ၅၀၀ ကျပ်။
အသည်းကွဲ၍လာတိုင်ပင်လျှင် ၁၀၀၀ ကျပ်။
ဟိုမေးဒီမေး ၅၀၀၀ ကျပ်။
စစနောက်ပြောင် ၁၀၀၀၀ ကျပ်။
ရည်းစားစကားပြောလျှင် FREE.. :P
ရူပါမလန်းလို့
မတူတာမှန်းတယ်လို့ မထင်ပါနဲ့
မူယာမကျွမ်း Qတာ မစွမ်းပေမယ့်
မင်းအတွက်ဆို
Superman လေးလို
စွမ်းဆောင်ပေးမှာပါ
Posted by ရင်မောင် at 1:52 PM 0 comments Labels: ဟာသ
Tuesday, August 25, 2009
သတင်း
ယုံလိုက်စမ်းပါ...
ငါဟာ...
မင်းအတွက်
နှင်းစက်တွေကျနေတဲ့ ဒီလိုဆောင်းညချမ်းမှာတောင်
မအေးမြနိုင်လောက်အောင်
ပူလောင်ပြင်းပြ
သတိရနေခဲ့တယ်ဆိုတာ....
("အာ့ဂျု့ရှိ" လို့ ကျွန်တော့်ကိုခေါ်တတ်တဲ့) မမယ်မရေ...
ဟောဒီ နေ့ရက်တွေသာ
သောက်လက်စ စီးကရက်တစ်လိပ်ဖြစ်မယ်ဆိုလည်း အကောင်းသားပေါ့...
ဒါဆို
ချက်ချင်းခြေမွလွှတ်ချလိုက်မှာပါ...
အခုတော့...
အချစ်ဆိုတဲ့စကားလုံး
စာလုံးပေါင်းတတ်ရုံရှိသေး
(ကိုယ်တို့နှစ်ယောက်က)
ဟိုး... အဝေးမှာ ရောက်နေခဲ့...
ရက်စက်ဆိုးဝါး
မရိုးသားတဲ့ ကံကြမ္မာကိုပဲ
အပြစ်တွေပုံချနေဆဲမှာ
ငါ့အိပ်မက်တွေ မှောင်မိုက်
ကြေကွဲမှုတွေ မီးလောင်မြိုက်
မမယ်မရေ....
(မင်းကိုချစ်တဲ့ ချစ်စိတ်တွေကြောင့်)
ငါ.... ရူးတော့မယ် ထင်ပါရဲ့..... ။
Posted by ရင်မောင် at 11:17 AM 0 comments Labels: ကဗ်ာ
Monday, October 13, 2008
အလွမ်းတွေသာ
နင်သိချင်တယ်ဆိုရင်
ငါပြောပြချင်တယ်
ခက်တာက.........
ငါ့အလွမ်းတွေကို...နင်သိအောင်
ငါမဖော်ပြတတ်ဘူး။
နင့်ရဲ့အိပ်မက်တွေထဲ
ငါလည်ခွင့်ရှိမယ်ဆိုရင်
အကြိမ်အခါပေါင်းမနည်း
ငါလာခဲ့မယ်။
ငါ့အချစ်တွေကို
နင်သာယုံမယ်ဆိုရင်
နင်နဲ့ပတ်သက်လို့
ဝမ်းနည်းခြင်းဆိုတာ...
ရှိမှာမဟုတ်ဘူး။
နင်ပြောတဲ့စကားတွေ
ရင်ထဲမှာ သိမ်းထားတာတွေ...
နင်သိစေချင်ပေမယ့်လည်း
ငါမကြေငြာတတ်ဘူး။
နင်နဲ့ပတ်သက်လို့
ဖြစ်ပျက်သမျှ၊ ခံစားရသမျှ
ငါ့ရဲ့နှုတ်ကထွက်လာမဲ့..
စကားတွေအဖြစ် မပြောတတ်ဘူး။
နင်ချစ်မြဲချစ်နေအောင်
စကားအပိုတွေပြောပြီး
ချစ်တာတွေ...
ချွဲ့နွဲ့တာတွေ...
ငါမလုပ်တတ်ဘူး။
နင့်ကြောင့်
ရင်ခုန်သံတွေ..ညံနေရင်တောင်
နင်မသိအောင်..ငါ
ထိန်းချုပ်ထားမယ်။
ဘာပဲဖြစ်ဖြစ်...နင့်ကြောင်
ငါငိုနေရင်တောင်
ရင်ထဲမှာပဲ ငိုကြွေးနေမယ်။
ငါ့ငိုကြွေးသံကို
နင်မသိအောင်..မြိုသိပ်ထားမယ်။
နင့်ကြောင့်ငါ
ကြေကွဲရရင်တောင်
နင်မသိအောင်ပဲ
ကြေကွဲနေမယ်။
ငါ့ရဲ့အချစ်တွေ
နင်ယုံကြည်ခဲ့ရင်တောင်
ရင်ထဲမှာ...ပဲကျေနပ်လိုက်တော့မယ်။
ငါ့ရဲ့ဘ၀ကို
နင်စေရာစေပါ။
နင်မသိအောင်...နောက်ကွယ်မှာ
နင်စေရာ..ငါနေမယ်။
ငါချစ်သမျှ..အချစ်တွေလည်း
နင်မသိအောင်ပဲ
သိမ်းထားလိုက်တော့မယ်။
(မမယ်မမှ အမှတ်တရ ပေးပို့ပါသည်)
Posted by ရင်မောင် at 2:33 PM 0 comments Labels: ခံစားမႈ
ခ်စ္သူ..ေရ..
ငါ့အေတြးမွာ
နင်သာကောင်းကင်ဖြစ်ရင်
ငါဟာနေဆယ်စင်းသာတာထက်
အပျော်တွေ..ပိုသာနေလိမ့်မယ်။
ချစ်သူသာ...ကောင်းကင်ဆိုရင်
နေ့တိုင်းလွမ်းနေဖို့ မလိုဘူးပေါ့။
မျှော်လင့်ခြင်းဆိုတဲ့...ထောင်ကလည်း
လွတ်ငြိမ်းလို့........ငါပျော်နေတယ်။
ချစ်သူ...ကောင်းကင်ဟာ
မိုးရွာရွာ၊နေပူပူ
နေသာလည်းကောင်းကင်ပေါ့
နေမသာလည်းကောင်းကင်ပဲပေါ့
နေ့လင်းလည်းကောင်းကင်
ညမှောင်လည်းကောင်းကင်
ကောင်းကင်ဟာထာဝစဉ်ရှိမြဲပဲ။
ဒါကြောင့်ချစ်သူသာ..
ကောင်းကင်..ဖြစ်မယ်ဆိုရင်
တို့အတွက်ထာဝရ..ကောင်းကင်အဖြစ်............
ထာဝရနေပေးပါလား... ။
(မမယ်မမှ အမှတ်တရ ပေးပို့ပါသည်)
Posted by ရင်မောင် at 2:27 PM 0 comments Labels: ခံစားမႈ




