ကျွန်တော်နဲ့ မမယ်မ မဆုံဖြစ်တာ အတော်ကြာခဲ့ပေါ့ . . .
လွမ်းနေရတာတွေများလွန်းလို့
ကြာတော့လည်း လွမ်းဖို့တောင် မေ့နေသလိုဖြစ်နေပြီ . . .
ဒါပေမယ့်
မလွမ်းဘဲ၊ သတိမရဘဲ မနေနိုင်တဲ့
ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမလား . . .
ဆုံနိုင်ခွင့်မပေးတဲ့ ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့ရမလား
ကျွန်တော် မသိခဲ့ . .
သူမ အတွက်
ကျွန်တော်မရှိရင်
ဖြစ်နိုင် မဖြစ်နိုင်
တပ်အပ် မပြောနိုင်ပေမယ့်
ကျွန်တော့်အတွက်တော့
သူမ, မရှိရင် မဖြစ်ဘူးဆိုတာ
ခိုင်ခိုင်မာမာသိလိုက်မိချိန်မှာပဲ
ကျွန်တော် သူမကို
စူးစူးနစ်နစ်ချစ်မြတ်နိုးသွားခဲ့ပြီ . . . ။
About Me
- ရင်မောင်
- ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။
မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ
Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။
Wednesday, October 3, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment