တူယှဉ်စွာ ရှိခဲ့ကြတုန်းက
ဖြူစင်စွာနဲ့ ချစ်ခဲ့ကြတာ
ထာဝရအတွက်ပါလို့ ငါပြောခဲ့မိတယ် . . .
ကွဲကွာတာ နှစ်တွေကြာညောင်းတော့
ငါလေ သံယောဇဉ်မပြောင်းလဲပေမယ့်
အလွမ်းသက်သေအဖြစ်
နင့်အတွက်
စာလေးတစ်စောင်တောင် မရေးဖြစ်ခဲ့ဘူး . . . ။
သူငယ်ချင်း
တာဝန်တွေ၊ ၀တ္တရားတွေနဲ့
အလုပ်တွေရှုပ်နေခဲ့ရင်း
ငါလေ နင့်အတွက်တော့
တာဝန်တွေ လစ်ဟင်းခဲ့ပါတယ် . . . ။
ကဗျာတွေ၊ စာတွေမြတ်နိုးပါတယ်ဆိုတဲ့ ငါ
အခုတော့
စာတစ်ကြောင်းရေးဖို့တောင်
မအားလပ်ခဲ့ပါဘူး . . . ။
ဒါပေမယ့်ဟာ
ငါ နင့်ကို လွမ်းတယ်
မတောက်တခေါက် မကြွယ်ဝလှတဲ့
စကားလုံးအစအနတွေနဲ့
ငါ နင့်ကို အဝေးကပဲ ဖေါ်ပြခွင့်ရှိတော့တယ် . . . ။
စကားလုံးတွေ စာကြောင်းတွေ
ခေါင်းပါးလှတဲ့ နင်နဲ့ငါကြားမှာ
နားလည်မှု့တွေနဲ့ပဲ အစားထိုးရင်း
ချစ်ကြမယ်လေဟာ . . .
နင်နဲ့ငါ ပြန်ဆုံကြတဲ့အခါ
ဘ၀အကြောင်းတွေ ပြန်ပြောကြရင်း
ငါတို့ . . .
အရင်ကလို ဟားတိုက် ရယ်မောကြဦးမယ်လေ . . . ။
(ခင်မင်ခဲ့သော၊ ခင်မင်ဆဲဖြစ်သော သူငယ်ချင်းများအားလုံးသို့ အမှတ်တရ)
No comments:
Post a Comment