ကိုအားရှောင်ဟာ တရုတ်ကပြားတစ်ယောက်ဖြစ်ပြီး၊ မလှခင်နဲ့ အကြောင်းပါခဲ့ပါ တယ်။ မြန်မာ စစ်စစ်ဖြစ်တဲ့မလှခင်ဟာ တောသူတစ်ယောက်ဖြစ်ပြီး လယ်ယာလုပ် ငန်း လုပ်ကိုင်ကာ ဘုရား၊ တရားကိုလည်း ကြည်ညိုလေးစားသူတစ်ယောက်ပေါ့။ သူတို့က မြန်မာပြည်အလယ်ပိုင်း အညာအရပ်က တောရွာလေးတစ်ရွာမှာ နေ ထိုင်ကြတာလေ။ အညာသူတို့ ထုံးစံအတိုင်း မလှခင်က ကောက်စိုက်၊ ပျိုးနှုတ်၊ ပဲရိတ်၊ ယာထဲဆင်းပေါ့။ ကိုအားရှောင်ကိုလည်း အရမ်းချစ်လေတော့ ဘာမှမခိုင်း ရက်ဘဲ အိမ်မှာပဲ နေခိုင်းပါတယ်။ မလှခင်က မနက်စောစောထ၊ ထမင်း၊ ဟင်း ချက်ပြုတ်ကာ ဘုရားဆွမ်းတော်ကပ်ပြီးမှ ယာထဲကိုဆင်းလေ့ရှိပါတယ်။ ကိုအား ရှောင်ကတော့ တံမြက်စည်းလှည်း၊ သောက်ရေအိုးရေဖြည့် စတာလေးတွေ လုပ် တာပေါ့။ အဲ . . တစ်နေ့တော့ အိပ်ရာထနောက်ကျတဲ့ မလှခင်ဟာ ချက်ပြုတ်ပြီး စီးပေမယ့် ဆွမ်းတော်တင်ဖို့အချိန်မရတာနဲ့ သူယောက်ျား ကိုအားရှောင်ကို ဘုရားဆွမ်းတော်တင်ဖို့ မှာကြားပြီး ယာထဲကိုဆင်းသွားပါတယ်။ နေ့တိုင်း မလှခင် ဘုရားဆွမ်းတော်တင်၊ သောက်တော်ရေကပ် လုပ်တာတွေကိုမြင်တွေ့နေရလို့ ဘယ်လိုလုပ်ရမယ်ဆိုတာသိပေမယ့် တရုတ်စပ်ဖြစ်တဲ့ ကိုအားရှောင် အတွက် ခက်နေတာက ဘုရားစာ မရတာပါပဲ။ ဆွမ်းတော်ကိုလည်း ပါဠိပါတ်သားတွေနဲ့ မကပ်တတ်ပြန်ဘူး။ မလှခင်က သေချာမှာသွားတာဆိုတော့ မလုပ်လို့ကလည်း မဖြစ်ဘူးလေ။ ဒီတော့ သောက်တော်ရေခွက်တွေလဲ၊ ထမင်း၊ ဟင်းတွေကို ဦးဦးဖျားဖျားခူးခပ်ပြီး ဆွမ်းတော်ခွက်ထဲထည့်၊ ဘုရားစင်ပေါ်တင်၊ ဘုရင်းစင်ရှေ့ မှာ ဆောင့်ကြောင့်ထိုင်၊ လက်အုပ်ချီကာ ဆွမ်းကပ်လိုက်ပုံက -
“ဆာရင်လည်း စားနှင့်၊ အကျိုးအကြောင်း လှခင်လာမှ ပြောမယ်” တဲ့လေ။
No comments:
Post a Comment