ခေါင်းငုံ့ရင်း ကောင်လေးက ခပ်ဆိုင်းဆိုင်းလေး ပြန်ပြောတယ်။
“ကျွန်တော့်မွေးရပ်မြေက ပင်လယ်ကမ်းစပ်ဆိုတော့ ပင်လယ်ရေထဲမှာပဲ ဆော့ ကစားကြီးပြင်းခဲ့တယ်လေ။ မွေးရပ်မြေနဲ့ဝေးတဲ့အခါမျိုး၊ အမေ၊ အဖေနဲ့ ရွာကို တမ်းတမိတဲ့အခါမျိုးမှာ ပင်လယ်ရေနဲ့အရသာတူတဲ့ ကော်ဖီငန်ငန်လေးကို အလွမ်းပြေ သောက်တာပါ။”
ချစ်သူ ဘ၀မှာရော၊ အကြင်လင်မယားဘ၀မှာပါ ကောင်မလေးက ကောင်လေး အတွက်၊ ကော်ဖီသောက်တိုင်း ဆားထည့်ထည့်ဖျော်လေ့ရှိပါတယ်။ ကောင်လေး မသောက်ခင် ကော်ဖီကိုမြည်းတိုင်း ငန်လို့ ကောင်မလေး မျက်နှာဟာ ရှုံ့ရှုံ့သွားရ စမြဲပါ။
ကြာခဲ့ပါပြီ ...
ဟိုးအရင်တုန်းကကောင်မလေးဟာ အခုတော့ ငါးဆယ်ကျော် ခြောက်ဆယ်နီးပါး အဘွားအရွယ် ရောက်ခဲ့ပါပြီ။ သူ့လက်မှာ စာတစ်စောင်ကိုင်ပြီး ဖတ်နေပါတယ်။ မျက်လုံးအစုံမှာလည်း မျက်ရည်စတွေနဲ့။
“မောင် ဘ၀မကူးခင် အမှန်ကိုဝန်ခံပါရစေ။ မ.. ကို စတင်မြင်တွေ့စနေ့က မြင် လိုက်တာနဲ့ သူများတကာထက် ဦးအောင် ဖိတ်ခေါ်မိခဲ့တယ်။ သကြားနဲ့ဆားမှားပြီး ရှက်ရှက်နဲ့ တောင်းမိတယ်။ အလွန်အင်မတန် အရသာဆိုးတဲ့ ကော်ဖီငန်ငန်ကို မောင်လုံးဝမကြိုက်ပါဘူး။ ဒါပေမယ့် မ.. ကိုစတွေ့တဲ့ အချိန်ကစပြီး ဒီကော်ဖီငန် ငန်ကို မောင်တစ်သက်လုံး သောက်ခဲ့ရတယ်။ ဒီအတွက် စိတ်မကောင်းမဖြစ်သလို၊ နောင်တလည်းမရမိပါဘူး။ မ.. နဲ့ဆုံခဲ့၊ အတူနေခဲ့ရတဲ့ အချိန်တွေဟာ အပျော်ဆုံး အချိန်တွေမို့ပါ။ နောင်ဘ၀မှာ မ.. နဲ့ပြန်ဆုံဖို့အတွက် ဒီကော်ဖီငန်ငန်တွေ သောက် ရမယ်ဆိုရင်လည်း မောင်သောက်အုံးမှာပါ။”
စာဖတ်အပြီးမှာ သူမရဲ့မျက်လုံးအစုံက မျက်ရည်စတွေဟာ စာရွက်ပေါ်ကို ကြွေ လွင့်သွားပါတယ်။ မျက်ရည်ကို အသာအယာသုတ်ရင်း စားပွဲထိုးကို “ဆား နည်းနည်းလောက်” လို့ လှမ်းမှာလိုက်ပါတယ်။ စားပွဲထိုးက ဆားပုလင်းလေး လာ ပေးပါတယ်။ ဆားပုလင်းထဲက ဆားလေးတွေကို ကော်ဖီခွက်ထဲထည့်ပြီး ဇွန်း နဲ့မွှေလိုက်တယ်။ နောက် ကော်ဖီခွက်ကို နှုတ်ခမ်းတေ့ပြီး သောက်လိုက်ပါတယ်။ စားပွဲထိုးလေးက အံ့အားသင့်ဟန်ကြည့်ပြီး “ဘယ်လိုနေလဲ အန်တီ” လို့မေးတော့ မျက်ရည်ဝေ့နေတဲ့ မျက်လုံးနဲ့ ပြုံးပြီး ပြန်ဖြေလိုက်ပါတယ် -
“သိပ်ချိုတာပါပဲကွယ်” တဲ့...
No comments:
Post a Comment