About Me

ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။

မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ

Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။

Thursday, October 18, 2007

ဒဏ်ငွေဆောင်လိုက်ရသော နှလုံးသား

မျဉ်းကြားနယ်မြေ
မီးပွိုင့်နယ်မြေတို့တွင်
မျဉ်းကြားအတွင်းမှသာ
လမ်းဖြတ်ကူးရမည်

ထိုနယ်မြေတို့မှ အပတွင်
ယာဉ်အခြေအနေကိုကြည့်၍
လမ်းဖြတ်ကူးနိုင်သည် . . .

ချစ်သူ့နယ်မြေ
ချစ်သူ့မျက်မှောက်တွင်
ချစ်သူအနီးအနားမှာပင် နေရမည်

ချစ်သူ့နယ်မြေမှ အပတွင်
အခြေအနေကိုကြည့်၍ . . . . . . .

တာရာမင်းဝေ

No comments: