About Me

ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။

မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ

Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။

Thursday, October 18, 2007

ပလပ်ခံရသော အမှုတွဲ

တရားရုံးတော်သို့
ဦးတိုက်လျောက်ာထားအပ်ပါသည်။
သူသည် ကျွန်တော့်အား
အမှန်တကယ် မချစ်ပါဘဲလျက်
ချစ်ပါသည်ဟူ၍
အကြိမ်ကြိမ်အခါခါ
လှည့်ဖျားပြောဆိုခဲ့ပါသဖြင့်
ရာဇသတ်ကြီးပုဒ်မ (၄၂၀)
လိမ်လည်မှုအရလည်းကောင်း

သူသည် ကျွန်တော့်အား
အနိုင်ရလိုသောကြောင့်
စိတ်ကောက်ခြင်း
အမိန့်ပေးခြင်း
ဆူပူကြိမ်းမောင်းခြင်းများ
ပြုလုပ်ခဲ့ပါသဖြင့်
ရာဇသတ်ကြီးပုဒ်မ (၃၄၉)
အနိုင်အထက်ပြုမှုအရလည်းကောင်း

ကျွန်တော်ကသူ့ကို
အသည်းအသန်ချစ်သည်ကို
အခွင့်ကောင်းယူလျက်
သူသည် ကျွန်တော့်အား
မကြာခဏခြိမ်းခြောက်လေ့ရှိသောကြောင့်
ကျွန်တော့်မှာ သူမုန်းသွားမည်ကို
အစဉ်သဖြင့် စိုးရိမ်ပူပန်နေရပါသဖြင့်
ရာဇသတ်ကြီးပုဒ်မ (၃၅၀)
စိတ်ငြိုငြင်စေမှုအရလည်းကောင်း

သူ၏မျက်စောင်းများ
သူ၏အမဲ့များ
သူ၏အထေ့အငေါ့များ
သူ၏အမာန်အမဲများကြောင့်
ကျွန်တော့်နှလုံးသားသည်
အတွင်းကြေ ကြေပြီး
ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါသဖြင့်
ရာဇသတ်ကြီးပုဒ်မ (၃၀၉)
နာကျင်စေမှုအရလည်းကောင်း

နောက်ဆုံးတွင်
ကျွန်တော်၏ကိုယ်စိတ်နှစ်ပါး၌
ဝေဒနာအလူးအလဲ ခံစားရပြီးနောက်
တရိရိညှင်းပန်းခံရပြီး
တဖြည်းဖြည်း လုံးပါးပါးခဲ့ရသဖြင့်
ရာဇသတ်ကြီးပုဒ်မ (၃၀၁)
သေကြောင်းကြံစည်မှုအရလည်းကောင်း
အရေးယူပေးပါရန်
ဦးတိုက်လျှောက်ထားအပ်ပါသည်။
တာရာမင်းဝေ

No comments: