About Me

ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။

မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ

Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။

Wednesday, October 3, 2007

နင်နဲ့ငါရိုးသားမှု့ကြားမှာ
ဖြားယောင်းမှု့ဆိုတာ ပါးပါးလေးတောင် မရှိခဲ့ဘူး . . .
နင်နဲ့ငါရင်းနှီးမှု့ကြားမှာ
အထင်သေးခြင်းဆိုတာ ဘယ်သူ့နားမှာမှ မရှိခဲ့ဘူး . . .
နင်မှားရင် ငါပြင်၊ ငါအမှားလည်း နင်မြင်ခဲ့တယ်
ငါလဲရင် နင်ထူ၊ နင်လဲတော့ ငါကူခဲ့တယ် . . .
နားလည်မှု့များစွာနဲ့
နင်နဲ့ငါ နွေအလီလီကို ဖြတ်ကျော်ခဲ့ပြီးမှ
“သူငယ်ချင်းအစစ်” ဆိုတဲ့ ဝေါဟာရကို
ငါ့တစ်သက် တရှိုက်မက်မက် မြတ်နိုးမိလို့

သူငယ်ချင်းရေ
ကျေးဇူးပြုပြီး
“သူငယ်ချင်းအစစ်” ဆိုတဲ့နေရာမှာဘဲ ဆက်နေခွင့်ပြုပါ . . . ။

(တစ်မျိုးမထင်ပါနဲ့၊ ကျွန်တော့်ကို အပြောခံရတာပါ . . .း) )


mokhan (ph 7)

No comments: