ကျောင်းကအပြန် ကိစ္စလေးတွေရှိလို့ ဟိုဟိုဒီဒီ ၀င်ရင်း၊
အဆောင်ကိုပြန်ဖို့ ဘတ်စ်ကားမှတ်တိုင်ကို ရောက်တော့
နေ့လည် ၁ နာရီထိုးတော့မယ်။
မညှာမတာ တိုက်ခတ်နေသော ဆောင်းလေအဝှေ့မှာ
လက်ဖျား၊ ခြေဖျားများပင် ကိုက်ခဲလာသည်အထိ စိမ့်တုန်အောင် ချမ်းမိသည်။
ကားမလာသေးသောကြောင့် တောင်တောင်အီအီလျောက်တွေးရင်း
မမယ်မဆီစိတ်ကရောက်သွားသည့်အခါ
ကိုယ့်ဘေးမှာ လာရပ်နေသလိုခံစားရသည်။
ချမ်းအေးလွန်းတဲ့ ဒီရာသီမျိုးမှာ သူမသာ ကျွန်တော့်ဘေးမှာရှိနေရင်
(သူများတွေလို) ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားလေမလား ???
ကိုယ့်လက်ဖ၀ါးတွေကို ပြန်ကြည့်ရင်း တစ်ယောက်တည်း ပြုံးမိသည်။
“ဘယ်လိုအခက်အခဲပဲတွေ့တွေ့ လက်တွဲမဖြုတ်ကြေး” ရယ်လို့
တိုင်တည်ထားသည့်အတိုင်း
တစ်ယောက်လက်ကိုတစ်ယောက် ခပ်တင်းတင်း ဆုပ်ကိုင်ထားသည့်
ကျွန်တော့်တို့နှစ်ယောက်ပုံရိပ်ကို မျက်စိထဲမှာ မြင်ယောင်ကြည့်တော့
ရင်ထဲမှာ ကြည်နူးနွေးထွေးသွားသည်။
ဆောင်းလေဝှေ့လည်း မအေးတော့။
ဆုံတွေ့ချိန်လည်း မဝေးတော့။
About Me
- ရင်မောင်
- ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။
မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ
Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။
Tuesday, November 13, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment