About Me

ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။

မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ

Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။

Friday, November 2, 2007

ခင်ပွန်းကဇနီးထက် အသက်ကြီးခြင်းသည် ကလေးများခြင်း၏သော့ချက်ဖြစ်


သားသမီး အများအပြားထွန်းကားလိုပါက အမျိုးသားများအနေဖြင့် မိမိထက် ခြောက်နှစ်ခန့်ငယ်ရွယ်သူ၊ အမျိုးသမီးများအနေဖြင့် မိမိထက် လေးနှစ်အထက် ကြီးသူနှင့် လက်ထပ်သင့်ကြောင်း သုတေသနတစ်ခုက ဖေါ်ပြသည်။

သုတေသနပညာရှင်များသည် အမျိုးသားများက ငယ်ရွယ်နုပျိုသောအမျိုးသမီး များကို သဘောကျတတ်ခြင်းနှင့် အမျိုးသမီးများသည် မိမိထက်အသက်အရွယ် ကြီးပြီး ရင့်ကျက်သောအမျိုးသားများကို သဘောကျတတ်ခြင်းတို့၏ အရင်းခံ အကြောင်းကို လေ့လာရာမှ ယခုအချက်ကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သြစတြီးယား နိုင်ငံ၊ ဗီယင်နာတက္ကသိုလ်မှ မနုဿဗေဒပညာရှင် မာတင်ပီဒါ ကဆိုသည်။ ဆွီဒင် အမျိုးသား မှတ်ပုံတင်ဌာန၏ ၅၅ နှစ်တာအတွင်း စာရင်းအင်းများကို လေ့လာ ကြည့်ခဲ့ရာ၌လည်း ယင်းသို့အသက်ကွာခြားသည့် အိမ်ထောင်ဖက်များသည် သား သမီး ပိုထွန်းကားကြောင်း တွေ့ရှိခဲ့ရသည်။ ထူးခြားချက်မှာ အသက်အရွယ်ကြီး သော အမျိုးသမီးများသည်လည်း ငယ်ရွယ်သောအမျိုးသားများကို လက်ထပ်ရန် ပိုမို လိုလားကြောင်း စစ်တမ်းတွင်တွေ့ရှိခဲ့ရသည်ဟု ရိုက်တာ သတင်းတစ်ရပ်က ဆိုသည်။

No comments: