ကောင်းကောင်းအနားယူလိုက်မယ်၊ လျှောက်လည်လိုက်မယ်၊ ရုပ်ရှင်သွားကြည့် လိုက်မယ် စသည်ဖြင့် ဟိုးငယ်ငယ်တုန်းကလိုအတွေးမျိုးဖြင့် စနေနေ့တွေကို လို ချင်တပ်မက်မှု မရှိတော့။ စနေနေ့ရောက်ရင် သူမနဲ့ တွေ့ရမှာဆိုသည့် အသိတစ်ခု သာ ရှိတော့သည်။ စောစောစီးစီး အလွမ်းတွေ တနင့်တပိုးနဲ့ စောင့်နေခဲ့ပေမယ့် အင်တာနက်က မျက်နှာသာမပေးဘဲ ကျွန်တော့်ကို တစ်နေကုန် စိတ်ညစ်ညူးစေ ခဲ့သည်။ ကံအားလျော်စွာ သူမ ပို့လိုက်တဲ့ Email တစ်စောင် ကျွန်တော့်ဆီ ရောက်လာလို့ ဖြေသာရာရခဲ့ပေမယ့် ခံစားရတဲ့ဝေဒနာက လျော့မသွား။
"ဟေ့လူကြီး" လို့ သူမရဲ့ခေါ်သံလေးကို ကြားချင်သည်။ မန်းသူ မဟုတ်ပေမယ့် စကားအဆုံးတွင် "ဗျာ" ထည့် ပြောတတ်သည့် သူမ စကားသံတွေ ကြားယောင် လာမိသည်။ အရာအားလုံးဟာ သတိရစရာ၊ အမှတ်ရစရာတွေ ဖြစ်လို့နေတော့ သည်။
No comments:
Post a Comment