စကားသံချို၊ ငယ်ဟန်ပျိုနု
ပုလဲဥသီ၊ သန္တာရည်သွေး
ဖွေးဖွေးလေးက
ပြုံးပြနေရင် ကြည်နူးတယ် . . .
မျက်ဝန်းတစ်ကြည့်၊ ရင်၏နွေးရာ
မျက်တောင်ဖြာကော့၊ ညိုမှောင်ကြော့က
မော့ကြည့်နေရင် ကြည်နူးတယ် . . .
သံစဉ်ချိုမြ၊ အလှတရား
သူ့အပါးမှာ၊ တီတာခွန်းဆင့်
အလွမ်းနှင့်လူ၊ ရင်အပူမိ
သူ . . မသိလည်း . .
သူ ရှိနေရင် ကြည်နူးတယ် . . . ။
About Me
- ရင်မောင်
- ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။
မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ
Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။
Saturday, November 24, 2007
အလှကြည့်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment