About Me

ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။

မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ

Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။

Saturday, November 24, 2007

ချစ်သူဆိုတာ

မချစ်ဘဲ မနေနိုင်တာလား
မတွေ့ဘဲ မနေနိုင်တာလား ကွဲပြားပါ။

မလွမ်းဘဲ မနေတတ်တာလား
မနမ်းဘဲ မနေတတ်တာလား ခွဲခြားပါ။

ခင်တွယ်မြတ်နိုးတာလား
ငြိတွယ်နစ်မွန်းတာလား စဉ်းစား ဆန်းစစ်ပါ။

ချစ်သူဆိုတာ
ဘယ်ကိုသွားသွား၊ ဘယ်နားနေနေ
ဘာတွေလုပ်လုပ်
သူ့ ကနုတ်ပန်း၊ ရင်ထဲ လန်းလျက်
သူ့ ပုံရိပ်လေး၊ ရင်ထဲ နွေးလျက်
မတွေ့ဘဲလည်း၊ မြင်တတ်တယ်
မနမ်းဘဲလည်း၊ လွမ်းတတ်တယ်
မငြိစွန်းဘဲ၊ ခင်တွယ်တယ်။

တမျှော်တငေး၊ အနေဝေးလည်း . .
အတွေးလေးနဲ့ ဆွေးရဲတယ် . . . ။

No comments: