About Me

ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။

မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ

Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။

Saturday, November 24, 2007

သို့ . . သူငယ်ချင်း

သူငယ်ချင်းဆိုတာ
ပျော်ရွှင်မှုကို နှစ်ဆ
ကြေကွဲမှုကို တစ်ဝက်ဖြစ်စေတတ်သူပါ . . .

သူငယ်ချင်း
ငါ့အကြည့်တွေကနေ ငါ့စိတ်ကူးကို မင်းမြင်ပါ . .
ငါ့ရယ်သံတွေကြားကနေ ရင်ထဲကသံစဉ်ကို မင်းနားထောင်ပါ . .
မင်းရဲ့စိတ်ကတဆင့် ငါရဲ့ရင်တွင်းပြတိုက်ကို လှမ်းကြည့်ပါ . .

"နင်" ဆိုတဲ့ တည်ရှိနေမှုဟာ
ငါ့အတွက်တော့
မျက်ရည်မိုးတွေကြားကတောင် ပြုံးမိစေတတ်တာပါ . .

တကယ်တော့ . .
နင်နဲ့ငါ တွေ့တိုင်းရန်ဖြစ်နေပေမယ့်
နင်ဟာ ငါ့ရဲ့ "အချစ်ဆုံးသူငယ်ချင်း" ဆိုတာ
နင် နားလည်စေချင်လိုက်တာဟာ . . . ။

iDeal

No comments: