About Me

ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။

မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ

Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။

Friday, December 7, 2007

အဝေးရောက်ချစ်သူ

နွေးထွေးတဲ့ မျက်ဝန်း
နူးညံ့တဲ့ နှုတ်ခမ်း
ချိုသာတဲ့ အသံလေးတွေနဲ့
ပြုံးနေမယ့် ချစ်သူ့မျက်နှာ
အာရုံမှာ အရုပ်ထင်
စိတ်ကူးမှာရေးဆွဲ
မမြင်ဖူးပဲနဲ့ ချစ်ခဲ့
သြော်..သံယောဇဉ်ဆိုတာ
မမြင်ဘူးဘဲနဲ့ ငြိတွယ်တတ်ပါလား . . .

ချစ်သူရေ . . .
တစ်ခါတစ်လေတော့လည်း
ငှက်တွေလို အတောင်ပေါက်
လေယာဉ်ပျံကြီး ဂုတ်ခွစီးပြီး
မင်းရှိရာ အရပ်ကို
အလင်းရဲ့ အလျင်နှုန်းထက်မြန်တဲ့
စိတ်ရဲ့အမြန်နှုန်းနဲ့ ကိုယ်လှမ်းလို့ လာချင်ခဲ့ . . .

ဒါပေမယ့် ချစ်သူရေ . . .
ဘ၀ဆိုတာ ဆန္ဒမှမဟုတ်တာ
ခုတော့လည်း . .
ဆန္ဒကိုအသာထား
ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုဦးစားပေးရင်း
ကိုယ်တို့နှစ်ယောက်ရဲ့ ဘ၀တွေဟာ . . . . . ။

မြစ်ခြေသား မှ ကူးယူဖေါ်ပြပါသည်

No comments: