About Me

ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။

မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ

Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။

Friday, December 7, 2007

တစ်မြေစီခြားနေတဲ့ နှစ်ဦးသားဘ၀မှာ
မသေချာတဲ့ မနက်ဖြန်တစ်ခုထဲက
မှိန်ပျပျ ဆုံနိုင်ခွင့်ဆိုတာကို
မျှော်လင့်ခြင်း မီးအိမ်လေးထွန်းပြီး
ငါရှာမိတယ် . . .

ရက်စက်စွာ ပိုင်းခြားထားတဲ့
ပင်လယ်ပြာနဲ့ တောင်တန်းများ
ဖြတ်ကျော်နိုင်တဲ့ စွမ်းအား
ငါမပိုင်ဆိုင်ပေမယ့်
နှလုံးသားက ပေးတဲ့အင်အား
မင်းကိုချစ်တဲ့ အချစ်များကြောင့်
စမ်းတ၀ါးဝါး မနက်ဖြန်တွေထဲက
ဆုံနိုင်ခွင့်ကို ခလုတ်တိုက်မိမယ့်
တစ်ခုသော မနက်ဖြန်ကို မျှော်လင့်ရင်း
မင်းအတွက် ငါ . . . ရင်ခုန်နေဦးမယ် . . . . . . ။

No comments: