About Me

ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။

မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ

Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။

Sunday, December 9, 2007

ကြေကွဲဝမ်းနည်း အသည်းကွဲသဖြင့် အသက်သေဆုံးဖွယ်ရှိ


ပူဆွေးသောကရောက် အသည်းကွဲ သဖြင့် အသက်ဆုံးရှုံးနိုင်ကြောင်း အထောက်အထားများ ပိုမိုတွေ့ရှိလာ ရသည်။



ကြေကွဲဝမ်းနည်းပူဆွေးပြီးနောက် သေဆုံးနိုင်သည့်အခွင့်အလမ်းမှာ ငါးပုံတစ်ပုံ အထိတက်လာတတ်သည်ဟု မကြာမီက လေ့လာဆန်းစစ်ချက်တစ်ရပ်တွင် ဖေါ် ပြသည်။ နီးစပ်သည့်ဆွေမျိုးများ ဆုံးရှုံးခြင်းကြောင့် စိတ်ပူဆွေးခြင်းမှာ အဓိက အခန်းမှပါဝင်သည်ဟု နယ်သာလန်နိုင်ငံ အူးထရက်တက္ကသိုလ်မှ သုတေသီ မာဂရက်စထရိုးကီက ပြောဆိုသည်။

ဇနီးကွယ်လွန်ပြီးနောက် ကျန်ရစ်သူခင်ပွန်းမှာ သေဆုံးရန်အခွင့်အလမ်း ၂၁ ရာခိုင်နှုန်း ပိုများပြီး၊ ခင်ပွန်းကွယ်လွန်ပြီးနောက် ကျန်ရစ်သူဇနီးမှာ သေဆုံးရန် အခွင့်အလမ်း ၁၇ ရာခိုင်နှုန်းသာ ပိုများသည်။

သေဆုံးပြီးနောက် သောကပရိဒေ၀ လွန်စွာရောက်တတ်သော်လည်း သေသောသူ ကြာလျှင်မေ့တတ်ကြသည်။

ဇနီးဆုံးသည့်အတွက် အမျိုးသားများက ကိုယ့်ကိုယ်ကို အဆုံးစီရင်ရန် သုံးဆမျှ ပိုများသော်လည်း ကျန်ရစ်သူဇနီးများမှာမူ ထိုသို့မဟုတ်ကြောင်း လေ့လာတွေ့ရှိရ သည် ဟုဆိုသည်။

No comments: