About Me

ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။

မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ

Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။

Thursday, December 27, 2007

ပန်းကန် သို့မဟုတ် ဖန်ခွက်ကျကွဲသောအသံသည်
မည့်သည့်အခါမျှ မင်္ဂလာရှိမည်မဟုတ်သကဲ့သို့
ကျွန်တော့ အသည်းနှလုံး ခဏလွတ်ကျသွားသော အခိုက်အတန့်သည်လည်း
ဒဏ်ရာနှင့် မကင်းခဲ့ပါချေ။
ရာသီခွင်တစ်ခုလုံး စပျစ်သီးခြောက်ကဲ့သို့ အရောင်အဆင်း ကင်းမဲ့လျှက်ရှိကာ
နံဘေးမှ စကားသံများသည်လည်း ကျီးကန်းနှင့်ငှက်ဆိုး ရောပြီးအော်နေသကဲ့သို့
ကျွန်တော့နားကို ၀ီရ ရသပေးလျှက်ရှိနေလေသည်။
ဖောက်ပြန်နေသော ကောင်းကင်သည်
နေမင်းသမီး၏ မာယာကြောင့်
ပြန်လည်ပြီး ကြည်လင်လာသော်ငြား
တိတ်တိတ်ပုန်း မိုးကလည်း ရွာချင်သေးသည်။
အထားအသိုမတတ်သော နှလုံးသားနှင့်
မိန်းကလေးတစ်ယောက်ကို မိုင်ပေါင်းများစွာမှ ချစ်ရသည့်အလုပ်မှာ
လူ့ပြည်နှင့် ငရဲပြည်နယ်စပ်တွင် ကုန်ကူးနေရသည့်အလား ခံစားရလေသည်။
ဘယ်အချိန်ချိန်ကြည့်ကြည့် အရောင်မပြောင်းတတ်သော နှလုံးသားကို
ကျွန်တော်ပိုင်ဆိုင်ထားသည်ဟု ရဲရဲကြီးမအော်ရဲပေမယ့်
အရောင်စပ်ခြင်းကိုတော့ ရှောင်ကြဉ်ထားကြောင်း ကောင်မလေးကို သိစေချင်ပါသည်။

(ကိုမိုးဆွေ ထံမှ မျှဝေခံစားပါသည်)

No comments: