About Me

ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။

မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ

Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။

Monday, January 7, 2008


ကိုယ်ချစ်သောသူကို မပိုင်ဆိုင်ရမှာ
သူနှင့် မနီးစပ်ရမှာကို တွေးကြောက်ပြီး
စိုးရိမ်ပူပန်နေရသော ခံစားမှုသည်
ကျွန်တော့်ဘ၀တစ်သက်တာတွင် ဒီတစ်ကြိမ်သာ ဖြစ်ဘူးပါသည်။
ပိုင်ဆိုင်လိုမှုကို အစွဲပြု၍ဖြစ်ပေါ်လာသော ဒီခံစားမှုကို
“လောဘ” လို့ အဓိပ္ပါယ်ဖွင့်ရင်တော့
ကျွန်တော်ဟာ လောဘသားတစ်ယောက်ပေါ့။
ဘ၀တစ်သက်တာအတွက် ထာဝရလက်တွဲဖေါ်အဖြစ်
ရည်ရွယ်ညွှန်းထားကာ မေတ္တာမျှခဲ့ခြင်းကြောင့်
ကျွန်တော့်အချစ် မသေးသိမ်မှန်း
ကျွန်တော့်ကိုယ် ကျွန်တော်သိပါသည်။
သူမလည်း သိ(မည်ဟုထင်)ပါသည်။
ကျွန်တော်တို့နှစ်ယောက်ရဲ့
ခိုင်မြဲတဲ့ ထုံးနှောင်မှုတွေမှာ
ရှင်းသန့်ဖြူစင်တဲ့ အချစ်တွေနဲ့အတူ
ယုံကြည်မှု၊ နားလည်မှု၊ ခွင့်လွှတ်မှုတွေနဲ့ပဲ လွှမ်းခြုံထားပေမယ့်
ကံကြမ္မာဆိုတာကိုတော့ မေ့ထားလို့မရနိုင်ပါ။
ဖူးစာဆိုတာကလည်း ရှိသေးသည်လေ။
ဒါတွေကို တွေးမိရင်
ရင်ထဲမှာ ပူထူလာလွန်းလို့
ရေပြေးပြေးချိုးရတာလည်း အခါခါရယ်ပါ။

မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာတွင်
မင်္ဂလာတရား ၁၂ ပါးရှိပြီး
ထို ၁၂ ပါးတွင် “ဟ” နေတာ နှစ်ပါးရှိပါသည်။
(ဘာကြောင့် ‘ဟ’ နေတာလည်းတော့ ကျွန်တော်မသိပါ။)
အဲဒါကတော့ “အာဝါဟ၊ ၀ိဝါဟ” ပါပဲ။
ထိမ်းမြားမင်္ဂလာဆောင်နှင်းခြင်း လို့ အဓိပ္ပါယ်ဆောင်ပါတယ်။
လောလောဆယ်
လိုချင်တပ်မက်မှု၊ စိုးရိမ်ပူပန်ကြောင့်ကြမှုဆိုတဲ့
အတ္တမီးတွေကို ခဏအသာသက်ငြှိမ်း
ကျွန်တော်နဲ့ သူမ တို့နှစ်ယောက်
“ဟ” မယ့်အချိန် . . . အဲလေ ယောင်လို့
ထိမ်းမြားမင်္ဂလာဆောင်နှင်းမည့်အချိန်ကို
ငေးမျှော်ကာ တွေးပျော်နေကြောင်းပါ . . . . .။


(ဤ Post ကို ရေးထားသည်မှာ အနည်းငယ်ကြာပြီဖြစ်သော်လည်း
IE မှ ဒုက္ခပေးနေသောကြောင့် ယခုမှ တင်လိုက်နိုင်ပါသည်။)

No comments: