About Me

ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။

မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ

Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။

Wednesday, January 23, 2008

ဖတ်လို့ကောင်းသော စာတစ်ပုဒ်ဖြစ်ဖို့
လိုအပ်ချက်များစွာရှိသည်ဟု ကျွန်တော် စွဲမြဲစွာယူဆပါသည်။
အချိန်ပေးနိုင်ရပါမည်။
စာရေးရန် စိတ်တည်ငြိမ် သန့်ရှင်းရပါမည်။
နောက်ကျိ ရှုပ်ထွေးနေသောစိတ်ဖြင့်
စာကောင်းတစ်ပုဒ် ရေးမရနိုင်ပါ။
ကျွန်တော်အနေဖြင့် မိမိရေးသောစာကို

စာဖတ်သူအနေဖြင့် အခေါက်ခေါက်အခါခါ ပြန်ဖတ်ကာ
လိုတိုး၊ ပိုလျှော့ စိတ်ကြိုက်ပြင်ဆင်ရပါသည်။
လောလောဆယ် ကျွန်တော် အတန်ငယ် အလုပ်များနေပါသည်။
အချိန်နည်းသောကြောင့်လည်းကောင်း၊ စာရေးချင်သော်လည်း
ရေးသားရန် အာရုံ(ဈာန်) မရသေးသောကြောင့်လည်းကောင်း၊
Post တစ်ခုဖြစ်ပြီးရော ဟု၊ ပြီးစလွယ်မရေးချင်သောကြောင့်လည်းကောင်း
Post အသစ် မတင်နိုင်ခြင်းဖြစ်ပါကြောင်း
ချစ်စွာသော စာရှုသူများအား လေးစားစွာ ပန်ကြား သိစေအပ်ပါသည်။

"ကဗျာ့ဥာဏ် အာဘော်ကလည်း
ကလော်တိုင်း ထွက်သကဲ့သို့"
ဆိုသည့်
စာဆိုတော် စလေ ဦးပုည၏ ဥာဏ်စွမ်းအားမျိုးလည်း
ကျွန်တော့်မှာ မပိုင်ဆိုင်သောကြောင့်
(ခံစားမှုဖြစ်သည့် အားလျော်စွာ)
ရေးချင်တိုင်း ချက်ချင်းကောက်ရေး၍ မရနိုင်သည်ကို နားလည်ပေးပါရန်

No comments: