အချဉ်ထုပ်တွေစားလွန်းလို့ သွားတွေကျိန်းပြီး ဘာမှ မစားနိုင်၊ မ၀ါးနိုင်လို့
သွားဆေးခန်းတောင် သွားပြရတယ်။
ဒူးရင်းသီးကို ဆူးမပါရင် အလုံးလိုက် မျိုချချင်ကြောင်း ခဏခဏပြောဘူးတယ်။
(ပဒိုင်းသီးကို ဒူးရင်းသီး ပေါက်စနလေးတွေဆိုပြီး
ကောက်မျိုမယ်လုပ်နေလို့ မနည်းတားထားရတယ်)
ဝက်သားဒုတ်ထိုးဆိုရင် ပါလာတဲ့ပိုက်ဆံကုန်မှ ထတယ်။
ငါးကြော်ကြိုက်လိုက်ပုံများ အိမ်က ကြောင်တောင် အိမ်ပြောင်းပြေးရတယ်။
နွှာရ၊ ခွာရတာ အလုပ်ရှုပ်လို့ဆိုပြီး နေကြာစေ့ကို
အခွံမခွာဘဲ ဒီတိုင်းစားတတ်တာ သူ့စတိုင်လေ။
မြင်တာနဲ့ လုစားတတ်လွန်းလို့ သူငယ်ချင်းတွေက
သူ့ရှေ့မှာ ချောကလက်ဆိုရင် မစားရဲဘူး။
ငယ်ငယ်တုန်းက ပြောင်းဖူးပြုတ်ကို အရိုးပါစားရတယ်ထင်ပြီး
ဝါးစားနေလို့ လက်ထိုးပြီး အန်ခိုင်းခဲ့ရဘူးတယ်။
(အခုထိ သူပြောင်းဖူး စားရင် သတိထားနေရတုံး)
အင်းလျားကန်ပေါင်ပေါ် အကြော်သွားစားရင် ဆိုင်သိမ်းမှ ပြန်တယ်။
cafe မှာ ဘလက်ကော်ဖီ၊ သံပုရာရည်နဲ့ ပေါင်မုန့်နို့ဆမ်း
သုံးမျိုးတွဲမှာလို့ ဆိုင်ထဲကလူတွေ မျက်လုံးပြူးကုန်ကြဘူးတယ်။
(အခု အစာအိမ်တောင် ဖြစ်ချင်နေလို့
"မေ"က ကော်ဖီသောက်ရင် တစ်ဝက်ပဲ ဖျော်သောက်ခိုင်းပေမယ့်
သူမကတော့ ခိုးပြီး ဖျော်သောက်နေတတ်တုံး)
About Me
- ရင်မောင်
- ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။
မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ
Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။
Friday, February 29, 2008
ဘာပဲစားစား.. စားလို့မရဘူး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment