အလှမ်းကွာသော အဝေးတစ်နေရာမှ
မိန်းကလေးတစ်ယောက်ကို နင့်နင့်သည်းသည်းချစ်ရသည်မှာ
ဒူးရင်းသီးကို ဖင်ခုထိုင်ထားရသလို
အင်မတန် ခက်ခဲ ပင်ပန်းလွန်းလှသည်။
Enter တစ်ချက်ခေါက်တိုင်း မီးဟုန်းဟုန်းတောက်သော
IT ခေတ်ကြီးမို့သာ တော်တော့သည်။
သူမနဲ့ဆုံလိုက်တိုင်း ကျွန်တော်တစ်ယောက်
မကြီးမငယ်နဲ့ သူငယ်ပြန်သလိုဖြစ်ပြီး၊ နှာခေါင်းဝမှ
အောက်ဆီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်လဲလှယ်မှု (Respiration System) တွေ
ကမောက်ကမနဲ့ လွဲချော်မှားယွင်းကုန်တာ ခဏခဏပါ။
တစ်ညတာ ဝေးရတာကို နှစ်ပေါင်းခုနှစ်ရာတောင်
ဆွေးခဲ့ကြတဲ့ ကိန္ဒရီ ကိန္ဒရာမောင်နှံလိုသာ လွမ်းကြကြေးဆိုရင်
ဟောဒီ ငရင်မောင်တစ်ယောက်
မမယ်မကို တမ်းတနေမိသည့် အလွမ်းအဆွေးတွေကြားမှာတင်
ဘုရား အဆူဆူပွင့်သွားနိုင်သည်။
ဘာကြောင့်များ ဒီလောက်ချစ်မိသွားလဲ ...
အကြောင်းပြချက်မရှိသလို ပေးဖို့လည်း မလိုအပ်ပါ။
မမယ်မက ကျွန်တော့်ဘ၀အတွက်
CNG ဓါတ်ငွေ့လို တဖြည်းဖြည်း အရေးပါလာသည်။
ချမ်းအေးလွန်းတဲ့ ဆောင်းညချမ်းမှာ
ကျွန်တော်သာ သူမဘေးမှာရှိနေရင် ..... (ဘာညာပေါ့) ဆိုပြီး
စိတ်ကူးယဉ်တတ်တဲ့ မမယ်မကို
ကုန်းပိုးပြီးတော့ ကိုရီးယားလို ချစ်ပြချင်သည်။
အဲသလို စိတ်ကူးယဉ်ပြီးတိုင်း သူမက မျက်နှာကို ရေခဲအုံထားနေကျ။
မျက်နှာပူလို့တဲ့လေ။
ကဲ .. မျက်နှာလေး အေးသွားအောင် သနပ်ခါးလေးလိမ်းလိုက်
ဒီမှာ အဆင်သင့်သွေးထားတယ်။
ရှင်မတောင် သနပ်ခါးစစ်စစ်နော် ...
လက်တွေ့မှာတော့ သူမဘေးမှာသာ ကျွန်တော်ရှိနေရင်
သနပ်ခါးတုံးနဲ့ ထုမယ်ချည်း တကဲကဲပြောနေပါတယ်။
မှုန်နေအောင် ချစ်လိုက်ပုံများ ပြောပါတယ်)
No comments:
Post a Comment