About Me

ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။

မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ

Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။

Wednesday, June 18, 2008

ကံရေးတဲ့သူ

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က “၁၀၁ ကြိမ်မြောက် ချစ်ခွင့်ပန်ခြင်း” ဆိုတဲ့
ရုပ်သံဇာတ်လမ်းလေး မြန်မာ့အသံကနေ လွှင့်တုန်းက
လူတိုင်းနှုတ်ဖျားမှာ အင်မတန် ရေပန်းစားခဲ့တာ မှတ်မိကြဦးမှာပါ…
ဒီလိုပဲ
ကျွန်တော့် blog လေးမှာ Post ၁၀၀ ပြည့်သွားပြီဖြစ်တဲ့အတွက်
အခု Post လေးဟာ ၁၀၁ ခုမြောက် Post ဖြစ်သွားခဲ့ပါပြီ။
ဒါကြောင့် “၁၀၁ ကြိမ်မြောက် Post ရေးခြင်း” လို့
အမည်ပေးမယ်ဆိုရင်လည်း ရနိုင်ကောင်းရဲ့ ... ။

သတိရတိုင်းသာ
အသက်ရှုခြင်းကို ထိန်းချုပ်ကန့်သတ်ထားမယ်ဆိုရင်
ငါဟာ
နှလုံးသွေးရပ်ပြီး
သေဆုံးအေးခဲသွားတာ ကြာလှပြီပေါ့ ... ။

အလွမ်းဆိုတာ
အချစ်ရဲ့အနားက ကပ်ပါးကောင်ဆိုရင်
သူ့ကိုတိုက်ထုတ်ဖို့ရာ
တို့နှစ်ယောက် နီးနေမှဖြစ်မှာ ... ။

ကိုယ့်ချစ်သူအတွက်
ကိုယ်ဟာအချစ်ဦး ဖြစ်ခွင့်ရှိခဲ့မယ်ဆိုရင်
အဲဒီလူဟာ ကံအကောင်းဆုံးလူတဲ့ ... ။
ငါဟာ နင့်အတွက် ကံရေးတဲ့သူ ဖြစ်ပါရစေလားနော် ... ... ... ။
မမယ်မမှ ပေးပို့သည်

No comments: