About Me

ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။

မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ

Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။

Wednesday, November 7, 2007

ထိုမိန်းကလေး

ဒီနေ့ ကျွန်တော် ကျောင်းစာသင်ခန်းထဲမှာ Lecture လိုက်နေတုန်း စူးစူးရှရှနဲ့ ဖုန်းဝင်လာလို့ကြည့်လိုက်တော့ ကျွန်တော့်အသိသူငယ်ချင်းတွေထဲက မဟုတ်ဘဲ Private Call နဲ့ ခေါ်နေတာကို ထူးထူးခြားခြား တွေ့လိုက်ရပါတယ်။ ဒါပေမယ့် ဆရာ စာသင်နေတာဖြစ်တဲ့အတွက် ဖုန်းကို Accept မပေးဘဲ Ignore ပေး လိုက်ပြီး စာဆက်သင်နေပါတယ်။ ဖုန်းက ဒုတိယအကြိမ် ထပ်ဝင်လာပြန်ပါတယ်။ ကျွန်တော်လည်း Ignore ထပ်ပေးလိုက်ပြန်ပါတယ်။ မဖြစ်တော့ဘူးဆိုပြီး ဖုန်း Ring Tone ကို အဆုံးထိ (ဆရာ မကြားအောင်) လျော့ချလိုက်ပြီး Vibrate လုပ်ထားလိုက်ပါတယ်။ စိတ်ထဲမှာလည်း ဘယ်သူ၊ ဘာ အရေးကြီးလို့လဲ မသိ ဘူးဆိုပြီး တွေးလိုက်မိပါတယ်။ စာရေးစားပွဲပေါ်တင်ထားတဲ့ဖုန်းက Vibration ကြောင့် တုန်ခါလာပြီး တတိယအကြိမ်မြောက်ဖုန်းဝင်လာချိန်မှာတော့ သိချင်စိတ် ကို ကျွန်တော် ဘယ်လိုမှ မမြိုသိပ်နိုင်တော့။ စားပွဲအောက်သို့ ခေါင်းအနည်းငယ် တိုးဝင်ငုံ့လျိုးကာ ဖုန်းကိုင်လိုက်ပါတယ်။ အသံရှင်က မိန်းကလေးဖြစ်နေသည်။
“ဟယ်လို၊ ဘယ်သူလဲမသိဘူး”
“ဟယ်လို၊ ကို …… နဲ့ စကားပြောချင်လို့ပါရှင်”
တစ်ဘက်ကဖုန်းကိုင်သူကို မည်သူနှင့်ပြောလိုကြောင်း ခွင့်ပန်သည့်သဘောမျိုး မဟုတ်ဘဲ ရင်းနှီးသူအချင်းချင်း စနောက်သည့်အနေဖြင့် ငေါ့ပြောသည့်ပုံစံမျိုး ပြောဆိုနေပုံက ကျွန်တော့်ကို ပိုမို အံ့အားသင့်သွားစေပြန်သည်။ သူမ အသံက တရင်းတနှီး ရှိလှသည့်အပြင် စကားပြောရင်းက တစ်ချက်တစ်ချက် ရယ်လိုက် သေးသည်။ ရှေ့က ဆရာ မကြား၊ မမြင်အောင် ခိုးပြောနေရသော ကျွန်တော့် ဒုက္ခကို သူမ မသိ။
“ဟုတ်ပါတယ်၊ ဘယ်သူလဲမသိဘူး”
“ကို …… ဟုတ်ပါတယ်နော်”
“ဟုတ်ပါတယ်၊ ဘယ်သူလဲမသိဘူး” ဒုတိယအကြိမ် ထပ်မေးလိုက်ပြန်သည်။
“…………………………”
ဒီအတိုင်းဆို မဖြစ်တော့၊ စာသင်ခန်းထဲမှာ ဆရာ့အသံက လွှမ်းနေသောကြောင့် သူမ အသံကို သဲသဲကွဲကွဲ သိပ်မကြားရ။ ဒီလိုပဲ ဆရာ မကြားအောင် တိုးတိုးလေး ကပ်ပြောနေရသော ကျွန်တော့်အသံကိုရော သူမ ကြားနိုင်ရဲ့လား မသိ။ သိချင် စိတ်ကြောင့်ရော၊ စကားကို ဘယ်သူမှ မကြားအောင် ထိန်းပြောနေရသည့်အတွက် ပါ စိတ်လှုပ်ရှားပြီး ကျွန်တော့်အသံတွေ မသိမသာ တုန်ယင်နေသည်။
“ကျွန်တော် စာသင်ခန်းထဲရောက်နေလို့ နောက်မှ ပြန်ဆက်ပါနော်”
“…………………………”
ကျွန်တော် ဖုန်းချပစ်လိုက်သည်။ စာဆက်သင်နေပေမယ့် အာရုံက စာထဲမှာ မရှိ တော့။ (ကျွန်တော့်ကို သိနေသော) ဖုန်းဆက်သည့် အဆိုပါအသံရှင်မိန်းကလေး က ဘယ်သူလဲ၊ ဘာအကြောင်းကြောင့် ကျွန်တော့်ဆီဖုန်းဆက်တာလဲ ဆိုတာကို (ခပ်ပြင်းပြင်း) သိချင်တာကလွဲရင် ကျွန်တော့်ခံစားချက်က ဒီထက် မပိုခဲ့။

စာသင်ရင်း ဖုန်းထဲမှ Received Calls တွေကို ပြန်ကြည့်နေမိသည်။ Private Call ဖြင့် ခေါ်ဆိုသောကြောင့် ဖုန်းနံပါတ် မပေါ်သည့်အတွက် မည်သည့်အရပ်မှ ခေါ်ဆိုနေကြောင်း ပြန်ကြည့်လို့လည်းမရ၊ မိမိက ပြန်ခေါ်လို့ကလည်း မရနိုင်ပြန်။ ကျွန်တော့်စိတ်တွေ ယောက်ယက်ခတ်ကုန်သည်။

ကျွန်တော်သိသော မိန်းကလေး သူငယ်ချင်းများ၏ အသံ မဟုတ်တာကတော့ သေ ချာသည်။ သူတို့ ကျွန်တော့်ကို ဖုန်းခေါ်သည်ဆိုလျှင်တောင် ဘာအတွက်ကြောင့်မှ Private Call ဖြင့် မခေါ်။
ဒါဖြင့် ဖုန်းမှားခေါ်မိတာရော ဖြစ်နိုင်လား၊ ကျွန်တော့်နာမည်ကို တပ်ခေါ်နေသော ကြောင့် ပိုလို့ပင် မဖြစ်နိုင်သေး။
ဒါဆို ဘယ်သူလဲ၊ ကျွန်တော် မစဉ်းစားနိုင်။
သူမ ဖုန်းခေါ်သည့်အချိန်က စာသင်ခန်းထဲရောက်နေမိသည့် မိမိအဖြစ်ကိုပဲ အပြစ် တင်ရမလား ?
ဒါမှမဟုတ် အမည်နာမကို ပြောမသွားသည့် သူမ ကိုပဲ ယိုးမယ်ဖွဲ့ရမလား ?
သို့တည်းမဟုတ် နေ့ခင်းကြောင်တောင် (ကိုရီးယားကားတွေထဲကလို) ဖုန်းသရဲ များ ခြောက်လေသလား ?
စာသင်ချိန်ပြီးသွားတော့ ဖုန်းများ ပြန်ခေါ်ဦးမလားဆိုပြီး စောင့်နေမိသေးပေမယ့် မျှော်လင့်ချက် မပြည့်ဝခဲ့။
မေးခွန်းပေါင်းများစွာဖြင့် ကျောင်းကအပြန် အိမ်မရောက်မချင်း ဘတ်စ်ကားပေါ် အထိ အတွေးတွေက ကပ်တွယ်ငြိပါလာသည်။
ပဟေဠိဆန်လွန်းလှပါဘိတောင်း ………။

No comments: