About Me

ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။

မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ

Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။

Saturday, February 9, 2008

ချစ်သူများနေ့ အမှတ်တရ


ချစ်သူများနေ့ အမှတ်တရ ဟာသ အပိုင်းအစလေးများကို
စုစည်း ဖေါ်ပြပေးလိုက်ပါတယ်။
ချစ်တတ်သူတိုင်း ပြုံးပျော်ရွှင်မြူးနိုင်ကြပါစေ။
ချစ်ခြင်းအားဖြင့်
ကိုရင်မောင် & မမယ်မ
ဖေဖေါ်ဝါရီ ၁၄ (အကြို)


ကျုပ်ကိုလည်း ကုပေးပါလား

ပန်းခြံတစ်ခုအတွင်း ခုံတန်းတစ်ခုတွင် သမီးရည်းစားစုံတွဲ တစ်တွဲ ထိုင်နေ၏။
ခုံတန်း၏ တစ်ဘက်အစွန်းတွင်လည်း အဘိုးအိုတစ်ဦး စာအုပ်ဖတ်နေလေ၏။
သမီးရည်းစားစုံတွဲ တွတ်တီးတွတ်တာပြောသမျှကို
အဘိုးကြီးက အတိုင်းသား ကြားနေရ၏။
“ကို၊ ခေါင်းနည်းနည်းမူးလာတယ်”
ကောင်လေးက နဖူးလေးကို နမ်းလိုက်၏။ ထို့နောက် . . .
“မူးသေးလားဟင်”
“ဟင့်အင်း၊ ပျောက်သွားပြီ”
အတန်ကြာသောအခါ မိန်းကလေးက . . .
“ကို၊ ဇက်ကြောတွေ တက်လာသလိုပဲ”
ကောင်လေးက လည်တိုင်လေးကို ခပ်ဖွဖွနမ်းလိုက်၏။
“ဘယ်လိုနေသေးလဲ”
“အင်း၊ သက်သာသွားပြီ”
ခဏကြာသော် . . .
“ကို၊ လက်တွေလည်း ဘယ်လိုဖြစ်တယ်မသိဘူး၊ တဆစ်ဆစ်နဲ့”
ကောင်လေးက ဘယ်ညာလက်အစုံကို တယုတယ နမ်းပေးလိုက်၏။
တစ်ဘက်တွင် ထိုင်နေသောအဘိုးကြီးက အတော့်ကို နားကြားပြင်း ကတ်လာ၏။
ထို့ကြောင့် လှမ်းပြောလိုက်ပုံကား . . .

“ဟေ့ ဒီမှာ မောင်ရင်၊ ဖြစ်နိုင်ရင် ဦးကိုလည်း ကူညီစမ်းပါဦးကွ၊
ဦးမှာ လိပ်ခေါင်းဖြစ်နေလို့” တဲ့လေ။


လှောင်တာလေလား

ပန်းခြံတစ်ခုအတွင်းတွင် ချစ်သူနှစ်ဦး အချစ်ထူးနေကြ၏။
ချစ်စကားလေးတွေလည်း တီတီတာတာပေါ့။
“ဟိုအရင်ကလေ မောင်က တစ်ယောက်တည်း သီးသန့်နေရတဲ့ဘ၀ကို
သိပ်မြတ်နိုးတာ၊ အခုတော့ မောင့်စိတ်တွေ ပြောင်းလာရပါပြီ။
မောင့်အတွက် သစ္စာရှိတဲ့အဖေါ်တစ်ယောက် လိုချင်လာပြီ။
အလုပ်ကနေ အိမ်ကို ပြန်လာပြီဆိုတာနဲ့ ကြိုနေမယ့်သူ
တစ်ဦးဦး ရှိနေစေချင်ပြီ။ အင်မတန်ချစ်တဲ့ မျက်လုံးအစုံနဲ့
မောင့်ကို ကြည့်မယ့်တစ်စုံတစ်ဦးကို ပိုင်ဆိုင်ချင်လာတယ်။”
မိန်းကလေးက ပြုံးပြီး ချက်ချင်းပြန်ပြောလိုက်၏။
“လာ . . မောင်၊ ခင်တို့ အိမ်မွေးတိရစ္ဆာန်ဆိုင်သွားပြီး
ခွေးလေးတစ်ကောင် သွားဝယ်ကြမယ်နော်” တဲ့။

လက်တွေ့သမားကွ

“ရှင်က ကျွန်မကို တကယ်ချစ်လို့လား”
“ချစ်တာပေါ့”
“ကျွန်မ သေရင် ရှင်ငိုမှာလား”
“ငိုမှာပေါ့”
“ဘယ်လောက်ငိုမှာလဲ၊ မယုံပါဘူးနော်၊ လက်တွေ့ငိုပြ”
“ဒါဆို အရင် သေပြလေ”

ရေလာမြောင်းပေး

“ရှင် ကျွန်မကို နမ်းနေတာ ဖေဖေ မမြင်စေနဲ့နော်”
“ဟမ်၊ ကိုယ်မင်းကို မနမ်းရပါလား”
“ဟုတ်ပါတယ်၊ တကတည်းမှပဲ . . . နမ်းမယ်ဆိုရင် ပြောတာပါ”

အိုကွယ် . . . ရှက်လိုက်တာ

စစ်သားလေးက သူ့ချစ်သူကို စစ်စခန်းတစ်ခုဆီသို့ အလည်ခေါ်သွား၏။
သူတို့ရောက်ပြီးမကြာမီ ရိုင်ဖယ်တပ်သားများ သေနတ်ပစ်လေ့ကျင့်နေသော
နေရာသို့ ကူးသွားကြ၏။ မမျှော်လင့်ဘဲ ကျယ်လောင်သော သေနတ်ပစ်သံများကို
ကြားလိုက်ရသည့်အခါ ချစ်သူမိန်းကလေးမှာ တုန်လှုပ်လန့်ဖျပ်သွားကာ
စစ်သားလေး၏ ရင်ခွင်ထဲသို့ ပြေးဝင်မိ၏။
သူတို့နားမှ စစ်သားများ ပြုံးကြလေ၏။
ချစ်သူမိန်းကလေး အတော်ရှက်သွားကာ
စစ်သားလေး၏ ရင်ခွင်မှ ရုန်းထွက်လိုက်၏။
“ဒီလောက်ထိ လန့်သွားမယ်လို့ မထင်မိဘူး၊ ရှက်လိုက်တာကွယ်”
ထိုတွင် စစ်သားလေးက ပြုံးစိစိနှင့် ဆက်ပြောလိုက်၏။
“ကဲ အချစ်၊ ကိုယ်တို့ လက်နက်ကြီးတွေ လေ့ကျင့်တဲ့နေရာ သွားကြည့်ရအောင်”။

ချစ်သူ့ ဒိုင်ယာလော့ဂ်

“ကို့ကို့ ကို ချစ်ပါသလား”
“ချစ်ပါတယ် ကိုကိုရယ်”
“ဘယ်လောက်တောင် ချစ်ပါသလဲ”
“မိုးလောက်ကြီးချစ်ပါတယ်”
“ဘယ်ထဲက ချစ်ပါသလဲ”
“နှလုံးသားထဲက ချစ်ပါတယ်”
“ဘယ်လောက်ကြာကြာ ချစ်မှာလဲ”
“ကမ္ဘာတည်သရွေ့ချစ်ပါ့မယ်”
“နတ်ပြည်သွားရင်ကော”
“လိုက်မှာပေါ့”
“ငရဲပြည်သွားရင်ရော”
“လိုက်မှာပဲ”
“မြို့ထဲက အနှိပ်ခန်းတွေ သွားရင်ကော”
“သွားရဲ သွားကြည့် . . . အကြောင်းသိရမည်”

အနမ်း

ကောင်လေးနဲ့ ကောင်မလေး နွားတင်းကုပ်နားက ကောက်ရိုးပုံမှာ
ချိန်းတွေ့နေကြပါတယ်။ အဲဒီမှာ နွားမကြီးက နွားလေးကို နမ်းတာမြင်တော့
ကောင်လေးက . . .
“ကြည့်စမ်း၊ နွားမကြီးက နွားလေးကို နမ်းနေလိုက်တာ၊
ကိုယ်တောင် နမ်းချင်လာပြီ”
ဒီတော့ ကောင်မလေးက . . .
“နမ်းချင်ရင် သွားနမ်းချည်ပါလား၊ အဲဒီနွားလေးက ရှင့်နွားပဲဟာ၊
ဘယ်သူက ဘာပြောမှာမို့လို့လဲ”


တစ်လှည့်စီသွားကြ

ပူပူနွေးနွေး လက်ထပ်ပြီးစ ဆိုင်ဝန်ထမ်း အမျိုးသားနှင့် အမျိုးသမီးက
မိမိတို့နှစ်ယောက် ပျားရည်ဆမ်းခရီးထွက်ချင်ကြောင်း ဆိုင်ပိုင်ရှင်ကို ခွင့်တောင်းရာ
ဆိုင်ပိုင်ရှင်က ကိုယ်ချင်းစာသံဖြင့် ပြောသည်။
“ဒီလို အချိန်မျိုးမှာ ခွင့်မပေးနိုင်ဘူးလို့ ငါမပြောရက်ပါဘူး၊
ဒါပေမယ့် ဆိုင်မှာ တစ်ယောက်ယောက် ရှိမနေရင်လည်း မဖြစ်ပြန်ဘူး၊
ဒါကြောင့် တစ်လှည့်စီ သွားကြဖို့ ငါမေတ္တာရပ်ခံလိုတယ်ကွာ”

No comments: