About Me

ကျွန်တော်လား... ကိုရင်မောင်ပေါ့ဗျာ..။ သြော်.. မမယ်မ လား.. မမယ်မ က ဈေးရောင်း သွားတယ်လေ။ (သူကကိုယ့်ထက်တော်တော်ငယ်တော့ အဲလိုပဲ အလိုလိုက်ထားရတယ်) အဟား..ဒါကတော့ ချစ်တာကိုးဗျ..။

မြန်မာစာလုံးများကို အကောင်းဆုံးဖတ်ရှုနိုင်ရန် မီးလျှံမြေခွေးဘရောက်ဇာကို ရယူပါ

Blogspot နဲ့ကြည့်လို့ အဆင်မပြေရင် နေရာဟောင်းမှာလိပ်စာသစ်အဖြစ် http://www.koyinmaung.tk မှာလည်း ကြည့်ရှု့နိုင်တယ်နော်...။

Friday, June 6, 2008


koyinmg.blogspot.com ကို စတင်ဖန်တီး အသက်သွင်းခဲ့တာ
အချိန်ကာလအားဖြင့် တစ်နှစ်နီးပါး ကြာခဲ့ပါပြီ...။
စာရေးချင်စိတ်တစ်ခုထဲနဲ့ "မမယ်မ" အတွက် ရည်ရွယ်ပြီး လုပ်ခဲ့တဲ့
ကျွန်တော်ရဲ့ အဖြူရောင်ခံစားမှုသက်သက် blog လေးဟာ
blog နယ်ပယ်မှာလည်း ထိုက်သင့်သလောက် နေရာလေးတစ်ခု ရရှိခဲ့သလို
အခုဆိုရင် Post ၁၀၀ လည်း ပြည့်သွားခဲ့ပါပြီ။
ဒါကြောင့် Post ၁၀၀ ပြည့်၊ ရာပြည့်အထိမ်းအမှတ်အဖြစ်
မမယ်မ ကျွန်တော့်ကိုပေးတဲ့ ကဗျာလေးကို
အမှတ်တရ ဖေါ်ပြလိုက်ပါတယ်။


မပြောလည်းသိမယ့် ဘာသာစကားတစ်ခု
နင့်မျက်လုံးမှာ ရှိတယ်။

မကြည့်လည်း မြင်မယ့် အရိပ်များ
ငါ့မျက်လုံးမှာ ရှိတယ်။

မခေါ်ဘဲလှမ်းမယ့် ခြေလှမ်းများ
နင့်ခြေထောက်မှာ ရှိတယ်။

မလာလည်း မျှော်တဲ့စိတ်
ငါ့ ရင်ဘတ်မှာ ရှိတယ်။

မတီးလည်း မြည်မယ့် ဂစ်တာ
နင့် လက်မှာ ရှိတယ်။

မဆိုလည်း ကြားမယ့်သီချင်း
ငါဆိုဖို့ ရှိတယ် ။

မခေါ်လည်း ကြားတဲ့အသံများ
ငါတို့နားမှာ ရှိတယ်။

မပြောဘဲ ချစ်တဲ့ နှလုံးသား
ငါတို့ အတူတူရှိကြတယ်။

ချစ်တတ်သူတိုင်း အကြောင်းဆက် ပေါင်းဖက်နိုင်ကြပါစေ...
ချစ်ခြင်းအားဖြင့်
ကိုရင်မောင်

1 comment:

ကိုရင်နော်ခင်လေးငယ် said...

ကဗျာလေးက
ချစ်စရာလေး...

“မခေါ်လည်း ကြားတဲ့အသံများ
ငါတို့နားမှာ ရှိတယ်။”